မြန်မာ့သမိုင်းတလျောက် မင်းလောင်းပေါ်ခါနီးတိုင်း ပေါ်ပေါက်ခဲ့သော ထင်ရှားသည့် တဘောင်ကြီး (၅)ခု

တဘောင်ပေါ်သည့်အတိုင်းလည်း ထွက်ပေါ်ခဲ့ကြသည့် မင်းများမှာ ၁ ပုဂံခေတ် စီးချင်းထိုးလျက် မျိုးမင်းထွက် ပြည်တော်သာလိမ့်မယ်။ထိုတဘောင်ပေါ်ပြီးနောက်အနော်ရထာမင်းလောင်းသည် ဦးရီးတော် စုက္ကတေးမင်းနှင့် စီး ချင်းထိုးခဲ့သည်။

စုက္ကတေးမင်းအား အနိူင်တိုက်ခိုက်ပြီးနောက် အနော်ရထာသည် ပုဂံပြည့်ရှင်ဖြစ်လာခဲ့သည်။ ထိုမင်းလက်ထက်တွင် သာသနာရောင်ဝါထွန်းလင်းပြီး ဆန်ရေစပါးပေါများကာ ချမ်းသာကြွယ်ဝခဲ့သည်။၂ အင်းဝခေတ် အင်းအိုင်ထဲကလူတစ်ယောက်မီတောက်ကလေးကိုင်လို့ပေါက် ထိုတဘောင်ပေါ်ပြီးနောက် သတိုးမင်းဖျား သည်ရှင်ဘုရင်ဖြစ်လာကာ နန်းတော်ကို အင်းဝမြို့၌ တည်ခဲ့သည်။ထိုမင်းသည်လည်း နယ်ပယ်အများအပြားကို သိမ်းပိုက်ကာ ဘုန်းမီးနေလတောက်ပခဲ့သည်။

၃ တောင်ငူခေတ် အိုဘယ့် အမောင်ဆံရွေဆောင်နောက် လိုက်ဘုန်းခေါင်ပြောင်လိမ့်မယ်။ထိုတဘောင်ပေါ်ပြီး ကြာသော် တောင်ငူမြို့တွင်မင်းကြီးညိုမှသားတော်တပါး မွေးဖွားလာလေသည်။ ထိုသားတော်၏ဦးခေါင်းတွင် ရွေရောင်ဆံပင် တစ်မွေးပါလာလေသည်။နောင်သော် ထိုမင်းသားသည် တပင်ရွေထီးဟု၍ တောင်ငူဘုရင်ဖြစ်လာလေသည် သို့သော်လည်း သက်တော်မရှည်ပဲ သူ၏ယောက်ဖတော် ဘုရင့်နောင်က ထီးနန်းကို ဆက်ခံလေသည်။ ဘုရင့်နောင်လက်ထက်ရောက်သော် မြန်မာပြည်ကြီး ဘုန်းမီးနေလတောက်ပလေသည်။

၄ ကုန်းဘောင်ခေတ် ဖိုသုံးဖို တစ်ဖိုတောက်မည်ထို တဘောင်ပေါ်ပြီးနောက် မုဆိုးဖိုရွာ သူကြီးဦးအောင်ဇေယျသည်ပျက်ပြားနေသော မြန်မာပြည်ကြီးအား လက်ရုံးရည်နှလုံးရည်ဖြင့်ပြန်လည်စုစည်းပြီးနောက် အလောင်းမင်းတ ရားဘွဲ့ဖြင့် ဘိသိတ်ခံ နန်းတက်လေသည်။

၅ ယခုခေတ်ပေါ်မလာသေး၍ စောင့်ကြည့်ရမည် ၂၆၀၀ သာသနာ ဗုဒ္ဓရာဇာပေါ်လာမှာ စည်တော်ကြီးလည်း ဟီးလိမ့်မယ်။ ထို တဘောင်သည် ဗုဒ္ဓ သာသနာအား ကမ္ဘာတစ်ခွင်ဖြန့်ကျက်ထွန်းလင်းစေပြီး မြန်မာပြည်အားလည်း သာသနာတော်ကိုနေတစ်ဆူ လတစ်ဆူလို ထင်ရှားစေမည့်သာသနာပြုမင်းပေါ် မည်ဖြစ်သည်။ထိုမင်းလက်ထက်တွင် တိုင်းပြည်သည် တိုးတက်ချမ်းသာကြွယ်ဝ လွန်းအားကြီးမည်။ စည်ပင် သာယာလှပသော တိုင်းပြည်ဖြစ်မည်။

zawgyi




