စားရင်းသောက်ရင်းမတော်တဆငါးရိုးဆူးတဲ့အခါပြုလုပ်ရမယ့်နည်းလမ်းများ

လည်ချောင်းတွင်ငါးရိုးစူးခြင်းကိုမကြုံဖူးသောသူသည်အ လွန်ရှားသည်ငါးရိုးသည်လည်ချောင်းအတွင်းနံရံရှိ ကြွက် သားပျော့များကိုစိုက်မိနေသည့်အခါခုလုခုလုဖြင့်အတော်ပင်နေရခက်သည်ကိုကြုံရတတ်သည်ငါးရိုးစူး

သောအခါများသောအားဖြင့်ချောင်းဟန့်သလိုဟပ်ထုတ်၍ ဖြစ်စေငါးရိုးသည်အစာအိမ်ထဲသို့ကျသွား၍ဖြစ်စေခဏတ ဖြုတ်အတွင်းပင်ပြန်၍သက်သာသွားတတ်သည်ငါးရိုးစူးသောလူနာများတွင်ငါးပြေမအရိုးစူးလျှင်ထုတ်ရအခက်ဆုံး

ပင်ဖြစ်သည်ငါးပြေမအရိုးသည်တခြားငါးရိုးများနှင့်ယှဉ်လျှင်ပို၍မြဲမြံစွာလည်ချောင်းအတွင်းနံရံ၌စိုက်နေတတ် သည်များသောအားဖြင့်ငါးရိုးစူးလျှင်ထမင်းဆုပ်မြိုခြင်ရေ သောက်ခြင်းတို့ ပြုလုပ်လေ့ရှိကြသည်ထို့ပြင်အချဉ်ဓာတ်ပါသော

သံပရာရည်ချဉ်ချဉ်လေးကိုလည်ချောင်းအတွင်းသို့ဖြေးညှင်းစွာမြိုချခြင်းဖြင့်ငါးရိုးလေးသည် ဖြေးဖြေးချင်းပျော်ဆင်းသွားကာသက်သာသွားတတ်သည်ကြက်ဥအစိမ်းကိုဖောက်သောက်ခြင်း သံလွင်ဆီတဇွန်းမြိုချခြင်းတို့ဖြင့်

လည်းသက်သာနိုင်ပါသည် သို့သော်ရံဖန်ရံခါတွင်အလွန်ကြီးသောငါးရိုးသို့မဟုတ် ငါးရိုးသည်ကန့်လန့်အနေအထားနှင့် လည်ချောင်းအတွင်းသို့စိုက်နေပါက ပျော်ဆင်းသွားဖို့ မလွယ်ကူပါ။ ထိုအခါ လည်ချောင်းအတွင်း

ကြည့်ကိရိယာလေးဖြင့်ကြည့်ကာလည်ချောင်းအတွင်းမည်သည့်နေရာတွင်စိုက်နေသည်အပေါ် မူတည်၍ ဆေးရုံတွင်လိုအပ်သလိုမေ့ဆေးထုံဆေးပေးကာထုတ်ရသောအခိုက် အတန့်များလည်းရှိသည်ငါးရိုးစူးခြင်းသည် နောက်ဆက်တွဲ

ဆိုးကျိုးအနေနှင့်လည်ချောင်းအတွင်းနံရံသားရောင်ရမ်းကာအစာမစားနိုင်ခြင်းအစာမြိုရခက်ခဲခြင်းတို့အပြင်လည် ချောင်းအတွင်းမှ သွေးထွက်ခြင်း ပြည်တည်နာဖြစ်ခြင်းတို့အထိပါ ဖြစ်ပွားနိုင်သောကြောင့်ဂရုစိုက်ရန်လိုအပ်ပါသည်

ငါးရိုးစူးလျှင်မိမိဘာသာထုတ်ရန်မကြိုးစားပါနှင့်အထက်ဖော်ပြပါအိမ်တွင်းနည်းလမ်းများကို ကြိုးစားကြည့်ပါမသက်သာပါကနီးစပ်ရာဆေးခန်းသို့မဟုတ် နားနှာခေါင်းလည်ချောင်းဆရာဝန်သို့အမြန်သွားရောက်တိုင်ပင်သင့်ပါ သည်။

zawgyi







