ချန်ပီယံလိဂ် ဝင်ခွင့် ရရုံနဲ့ မကျေနပ်နိုင်သေးပဲ ယူရိုပါလိဂ် ဖလား အရယူသွားမယ်ဆိုတဲ့ ဖာနန်ဒက်

တရာသီလုံး ထိပ်ဆုံး လေးသင်း စာရင်း ဝင်ဖို့ လိမ်ဖယ် လိမ်ဖယ် ဖြစ်နေခဲ့ပေမယ့် နောက်ဆုံး ပွဲစဉ်မှာ လက်စတာကို အနိုင်ယူခဲ့ပြီးနောက် ယူနိုက်တက် အသင်းဟာ ပရီးမီးယားလိဂ် အမှတ်ပေးဇယား အဆင့် ၃ မှာ ရတည်ပြီး ရာသီ ကို ကုန်ဆုံးခွင့် ရခဲ့ပါတယ်။

ဒါဟာ ပြီးခဲ့တဲ့ ရာသီ ချန်ပီယံလိဂ် လွဲချော်ခဲ့မှုကို ပြန်လည် ရယူနိုင်ခဲ့တာဖြစ်လို့ ဘယ်ဖက်က ကြည့်ကြည့် ယူနိုက်တက် အသင်း တိုးတက်မှုတွေ ရှိလာတယ်ဆိုတာ လက်ခံရမှာပါ။

ယူနိုက်တက်ရဲ့ မရှိမဖြစ် ကစား ဘရူနို ဖာနန်ဒက်က ယူနိုက်တက် အသင်းအနေနဲ့ ချန်ပီယံလိဂ် ဝင်ခွင့် ရရုံနဲ့ ကျေနပ်မယ့် အသင်းမျိုးမဟုတ်ဖူးလို့ ဆိုလိုက်ပါတယ်။

ယူနိုက်တက် အသင်းဟာ ဆုဖလားတွေကို ဆာလောင်တဲ့ အသင်းမျိုး ဖြစ်ပြီး အသင်းသားတွေဟာ ဒီလို ဆုဖလားတွေကို ကိုင်မြှောက်ဖို့ အခွင့် အလမ်းရှိတယ်လို့ ဘရူနိုက ဆိုပါတယ်။

ယူနိုက်တက် အသင်းအနေနဲ့ ချန်ပီယံလိဂ် ဝင်ခွင့် ရယူပြီးနောက် ပထမဆုံး အနေနဲ့ အနီးစပ်ဆုံးဘယူရိုပါလိဂ် ဖလားကို အရယုသွားမယ်လို့ မန်ယူ တီဗွီက တဆင့် ပြောကြားလိုက်ပါတယ်။

ဖာနန်ဒက်တယောက် ဇန်နဝါရီ အပြောင်းအရွှေ့မှာ စပို့တင်းကနေ ယူနိုက်တက်ကို ပြောင်းရွှေ့ခဲ့ပြီး သွင်းဂိုး ဆယ်ဂိုး ရရှိကာ ချန်ပီယံလိဂ် ဝင်ခွင့်ရအောင် စွမ်းဆောင်ပေးခဲ့ပြီးနောက် အခုအခါမှာတော့ ဆုဖလားတွေကို အလိုရှိနေပြီလို့ ပြောကြားခဲ့တာပါ။

” အခု ကျွန်တော်တို့ ပစ်မှတ်က ယူရိုပါလိဂ် ဖလား အရယူဖို့ပဲ။ ဘာလို့လဲ ဆိုတော့ ဒီဖလားက အတော် အရှိန်ဝါကြီးတဲ့ ဖလားတလုံးဖြစ်ပြီး ကျွန်တော်တို့ အားလုံးက လိုချင် မက်မော နေကြတယ်။”

” ကျွန်တော် ယူနိုက်တက်ကို ပြောင်းလာတယ်ဆိုတာ ဆုဖလားတွေ ကိုင်မြှောက်နိုင်ဖို့ပါ။ ကျွန်တော်တို့ ပွဲတိုင်း အနိုင်ကစားဖို့ လိုတယ်။ ကျွန်တော်တို့ ယူရိုပါလိဂ် ပွဲစဉ်တွေ ပြန်လည် စတင်တဲ့ အခါမှာ ပွဲတိုင်း အနိုင်ကစားရမယ်။ဒါဆိုရင် ကျွန်တော်တို့ သေချာပေါက်ဖလား ကိုင်မြှောက်နိုင်မယ်။”

” ဒါပေမယ့် ကျွန်တော်တို့ အတွက် ယူရိုပါလိဂ် ဖလား ရတယ်ဆိုရင်တောင် ကျေနပ် နှစ်သိမ့်မှုတွေ မဖြစ်နိုင်ဖူး။ ဒီမှာရှိတဲ့ ကစားသမားတွက အသင်းအတွက် အောင်မြင်မှုတွေ အမြောက် အမြား ရယူပေးနိုင်တယ်။”

” ပြောရမယ်ဆိုရင် ယူနိုက်တက် အသင်းက တချို့ ဆုဖလားတွေကို စိန်ခေါ်နိုင်တဲ့ အရည် အချင်းတွေ ရှိတယ်။ ဆုဖလား တခုမက ရယူနိုင်အောင် စွမ်းဆောင်နိုင်တဲ့ သူတွေကြီးပဲ။”

” ကျွန်နော်တို့ အားလုံး အနေနဲ့ ဆုဖလားတွေ ကိုင်မြှောက်ခွင့် ရပါမှ အပီပြင် ကျေနပ် ပျော်ရွှင်မှု ရပါမယ်။” ဆိုပြီး ပြောခဲ့ပါတယ်။

ဖာနန်ဒက်ရဲ့ ပင်နယ်တီ သွင်းဂိုး၊ လက်စတာ ဂိုးသမား ရှမိုက်ကယ်ရဲ့ အမှားက တဆင့် နာကျင် အချိန်ပိုမှာ လင်ဂတ်က တဂိုး သွင်းယူအပြီးမှာတော့ ယူနိုက်တက်တို့ လာမယ့် ရာသီ ချန်ပီယံလိဂ် အတွက် ဝင်ခွင့် သေချာသွားခဲ့ပါတယ်။

” ကျွန်တော်တို့ ကောင်းကောင်းကြီး ကျေနပ်တယ်။ ဒါကျွန်တော်တို့ အရမ်း လိုချင်နေတဲ့ အရာပဲလေ။ ကျွန်တော်တို့ အားလုံး ပြင်းပြင်းထန်ထန် လေ့ကျင့်တယ်။ အသဲသန် အလုပ်ကြိုးစားခဲ့တာ။”

” ကျွန်တော်တို့ အားလုံးရဲ့ စိတ်ထဲမှာ အသင်းအနေနဲ့ ချန်ပီယံလိဂ် ဝင်ခွင့်ကတော့ မဖြစ်မနေ ရယူနိုင်မှ ဖြစ်မယ် ဆိုတာ သိထားတယ်။ ဒီတော့ မရရအောင် ယူခဲ့တာပေါ။”

” ချန်ပီယံလိဂ် ပြိုင်ပွဲမှာ ဝင်ရောက် ကစားခွင့် ဆိုတဲ့ အရာက အမြဲ အသင်းတိုင်း လိုချင် မက်မောကြတဲ့ အရာပဲ။ တကယ်လို့သာ ပရိတ်သတ်တွေ ရှေ့ ပြန်လည် ကစားခွင့် ရမယ်ဆိုရင်တော့ အတိုင်းထက်လွန်ပေါ့ဗျာ။”ဆိုပြီး ဖာနန်ဒက်က ပြောသွားခဲ့ပါတယ်။

ယူနိုက်တက် အသင်းဟာ ယူရိုပါလိဂ် ရှုံးထွက် ပထမအကျော့ ပွဲစဉ်မှာ LASK အသင်းကို ၅ ဂိုးပြတ် အနိုင်ရရှိထားပြီး ဒုတိယ အကျော့ အဖြစ် သြဂုတ်လ ၇ ရက်နေ့မှာ ကစားသွားရဖို့ ရှိနေပါတယ်။

လတ်တလော ရေပန်း အစားဆုံး ဖြစ်နေတဲ့ ယူနိုက်တက်အသင်း အနေနဲ့ မျှော်မှန်းထားသလို ရယူရိုပါလိဂ် ဖလား ကိုင်မြှောက်မယ့် အိပ်မက်တွေ အကောင်ထည် ပေါ်နိုင်ပါ့မလာ ဆိုတာကတော့။

Leave a Reply

Your email address will not be published. Required fields are marked *