နောက်ရာသီအရံကစားသမားတေနဲ့တင် ယူရိုပါလိဂ်ဖလားရအောင်ယူပြမယ်လို့ပြောလိုက်တဲ့ ဆိုးရှား

နည်းပြ ဆိုးရှားဟာ မန်ချက်စတာယူနိုက်တက် အသင်းနဲ့ သူ့ရဲ့ ပထမဆုံး ဆုဖလားကို ယူရိုပါလိဂ် ပြိုင်ပွဲမှာ ရဖို့ အခွင့်အရေးတွေ ရှိနေပါတယ်။

ဒါပေမဲ့ ယူနိုက်တက် အနေနဲ့ ချန်ပီယံလိဂ် ဝင်ခွင့် ရရှိခဲ့ပြီဖြစ်ပြီး နောက်နှစ်ချန်ပီယံလိဂ် ဝင်ခွင့်ရဖို့အတွက် ယူရိုပါလိဂ် ပြိုင်ပွဲမှာ ဗိုလ်စွဲဖို့ အရေးတကြီးတော့ မလိုအပ် တော့ပါဘူး။ပရီးမီးယားလိဂ်ပြိုင်ပွဲ ပြီးဆုံးခဲ့ပြီ ဖြစ်တာကြောင့် ဆိုးရှားရဲ့ အသင်းဟာ ယူရိုပါလိဂ် ပြိုင်ပွဲမှာသာ အာရုံစိုက်လာမှာ သေချာပါတယ်။

ဂျာမနီမှာ ကစားမဲ့ ယူရိုပါလိဂ် ဗိုလ်လုပွဲကို ရောက်ရှိပြီး အောင်မြင်မှုသာ ရခဲ့ရင် ဆိုးရှား အနေနဲ့ ယူနိုက်တက်ကို သူအပြည့်အဝ ကိုင်တွယ်တဲ့ ပထမဆုံးရာသီမှာတင် အတော်လေး အောင်မြင်ခဲ့တယ် ဆိုရမှာပါ။

ချန်ပီယံလိဂ် ဝင်ခွင့်ရရှိဖို့က အဓိက ဦးစားပေး ဆိုပေမဲ့လည်း ယူနိုက်တက်လို အသင်းကြီး အနေနဲ့ ဆုဖလားတွေ ရရှိဖို့လည်း အရေးကြီးပါတယ်။ သူတို့အနေနဲ့ ဆုဖလားတွေနဲ့ ဝေးကွာနေခဲ့တာ ကြာပြီဖြစ်ပြီး လွန်ခဲ့တဲ့ ၃ နှစ်က နောက်ဆုံးအကြိမ် ရရှိခဲ့တာပါ။

မန်ချက်စတာ ယူနိုက်တက် အသင်းဟာ ယူရိုပါလိဂ် ပထမအကျော့မှာ လက်က် အသင်းကို ၅ ဂိုး ဂိုး မရှိနဲ့ အနိုင်ရရှိထားတာ ဖြစ်လို့ ဆိုးရှားအနေနဲ့ လာမဲ့ ဗုဒ္ဓဟူးနေ့မှာ ယှဉ်ပြိုင်မဲ့ ဒုတိယအကျော့မှာတော့ တစ်သင်းလုံးနီးပါး ပြောင်းလဲ ကစားသွားဖို့ ရှိပါတယ်။

အသက် ၁၈ နှစ်မရွယ် တက်ဒန်မက်ဂျီဟာ ယူနိုက်တက် အသင်းကြီးနဲ့ ပထမဆုံး လေ့ကျင့်ခန်း စတင်နေပြီဖြစ်ပြီး ဂျိမ်းဂါနာ နဲ့ အီသန် လေယာ့ တို့ဟာလည်း ဒီပွဲစဉ်မှာ ကစားခွင့် ရလာဖို့ ရှိနေပါတယ်။

လက်စတာ စီးတီး အသင်းဘက်ကို အနိုင်သေချာစေမဲ့ ဒုတိယမြောက်ဂိုး သွင်းယူပေးခဲ့တဲ့ ဂျက်ဆီ လင်ဂတ်ဟာလည်း သူ့ရဲ့ ခက်ခဲလှတဲ့ ရာသီကို ယူရိုပါလိဂ် ပြိုင်ပွဲမှာ အဆုံးသတ်ချင် နေပုံပါဘဲ။

ဒီ အင်္ဂလန်သားဟာ ဒီရာသီ အပြောင်းအရွေ့မှာ ထွက်ခွာဖို့ များနေခဲ့ပြီး ယူရိုပါလိဂ်မှာသာ ခြေစွမ်းပြနိုင်ခဲ့ရင် အသင်းက ထွက်ခွာစရာ မလိုလောက် တော့ပါဘူး။

လင်ဂတ်က ဒီလိုမျိုး အသင်းရဲ့ ဒီရာသီ နောက်ဆုံးပွဲတွေမှာ ကစားပြချင်နေတဲ့ တစ်ယောက်တည်းသော ကစားသမား မဟုတ်ပါဘူး။ မာတာ၊ ဒန်နီရယ် ဂျိမ်းနဲ့ အီဂါလိုတို့လို ကစားသမား မျိုးတွေဟာလည်း ယူရိုပါလိဂ် ပြိုင်ပွဲအတွက် အဓိက ကစားသမားတွေ ဖြစ်လာနိုင် ပါသေးတယ်။

ဒါအပြင် ဖရက်နဲ့ တော်မီနေး တို့ အနေနဲ့လည်း သူတို့ရဲ့ စွမ်းဆောင်ရည်တွေကို ပြသချင်နေ ကြမှာ အမှန်ပါဘဲ။

ချန်ပီယံလိဂ် ဝင်ခွင့် သေချာခဲ့ပြီ ဖြစ်တာကြောင့် ဆိုးရှား အနေနဲ့ အသင်းရဲ့ ပထမ ကစားသမားတွေကို အနားပေး လာဖွယ်ရှိပြီး ပရီးမီးယားလိဂ်မှာ ပွဲထွက်ခွင့် သိပ်မရတဲ့ ကစားသမားတွေက ဆိုးရှားရဲ့ ပထမဆုံး ဆုဖလအတွက် ကြိုးစားပေးရမဲ့ ပုံရှိပါတယ်။

၂၀၂၀-၂၁ ပရီးမီးယားလိဂ် ပြိုင်ပွဲအတွက် နားရက်သိပ် မရှိတာကြောင့် ဆိုးရှားအနေနဲ့ ဒီနည်းလမ်းကို အသုံးပြုဖွယ် ရှိနေပြီး သူ့ရဲ့ ပွဲထွက် ကစားသမားတွေ အနေနဲ့ နားချိန်ပိုမို ရရှိဖို့နဲ့ နောက်ရာသီအတွက် အဆင်သင့် ဖြစ်နေဖို့ ဒီနည်းလမ်းက အသင့်တော်ဆုံးလို့ ယုံကြည်နေပမယ့်ပုံ ရ်ှပါတယ်။

ယုရိုပါလိဂ် ဖလားကို အဓိက ထားခဲ့မယ်ဆိုရင် ဒီနှစ်ရာသီ အစပိုင်းက ဆိုးရွားခဲ့တဲ့ ပုံစံမျိုး နောက်ရာသီမှာ ဖြစ်လို့မရဘူးဆိုတာ ဆိုးရှားက ကောင်းကောင်း သတိထားနေ ပုံပါဘဲ။

ဒီလိုမျိုး လုပ်ဆောင်နိုင်ဖို့ဆိုရင် သူတို့ရဲ့ အကောင်းဆုံး ကစားသမားတွေ အနေနဲ့ နားရက်ရပြီး ကြံ့ခိုင်မှု ပြည့်ဝကာ လန်းဆန်းတက်ကြွ နေဖို့လိုပါတယ်။

ဒါကြောင့် ယူရိုပါလိဂ် ဖလားကို ဆိုးရှားရဲ့ ပထမဆုံး နည်းပြဘဝ အောင်မြင်မှု ဖြစ်ဖို့ဆိုရင် အသင်းရဲ့ ပုံမှန်ပွဲထွက်ခွင့် ရလေ့မရှိတဲ့ ကစားသမားတွေအပေါ် အဓိက မူတည်နေပါတယ်။

မာတာ၊အီဟာလို၊ပါရဲယား၊လင်ဂတ် ဂျိမ်းတို့ တသိုက်နဲ့ ယူရိုပါလိဂ် ဖလားရယူနိုင်မလားဆိုတာကတော့ စောင့်ကြည့်ရုံမှ တပါး တခြား မရှိပါ။

Leave a Reply

Your email address will not be published. Required fields are marked *