၆နှစ် အရွယ်မှာ အံ့ဖွယ် six-pack ခန္ဓာကိုယ် နဲ့ ဘောလုံး skill တွေကြောင့် ဘောလုံးကလပ်တေက ကမ်းလှမ်းထားတဲ့ ကလေးငယ်

၆နှစ် အရွယ်မှာ အံ့ဖွယ် six-pack ခန္ဓာကိုယ် နဲ့ ဘောလုံး skill တွေကြောင့် ဘောလုံးကလပ်တေက ကမ်းလှမ်းထားတဲ့ ကလေးငယ်

အားကစားဆိုတာမျိုးက လူကြီးရော ကလေးငယ်တွေကိုပါ ကျန်းမာတောင့်တင်းသန်မာအောင် ပြုလုပ်ပေးတဲ့အရာတစ်ခုပါ။

သို့သော်လည်း ၆ နှစ်သား အရွယ်လေးသာရှိတဲ့ အီရန်လူမျိုးကလေးငယ်တစ်ဦးကတော့ အဲဒီအဆင့်ထက် သာလွန်တဲ့ အားကစားသမားလေးတစ်ဦး ဖြစ်နေပါပြီ။

သူဟာ Arat Hosseini လို့နာမည်ရတဲ့ အီရန်ကလေးငယ်တစ်ဦး ဖြစ်ပြီး အသက် ၆ နှစ်သာရှိသော်လည်း တကယ့်ကို professional အားကစားသမားတစ်ဦးလို six-pack နဲ့ တောင့်တင်းကြံ့ခိုင် သန်မာတဲ့ ခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားတာဖြစ်ပါတယ်။

အာကစားမှာထူးချွန်တဲ့ Arat က ယခု လက်ရှိအချိန်မှာ Liverpool Academy မှာ လေ့ကျင့်ရေးဆင်းနေသူလည်း ဖြစ်ပါတယ်။

Arat ရဲ့ ဖခင်ဖြစ်သူ Mohammad က Instagram မှာ Arat လေးရဲ့ စိတ်ဝင်စားစရာဗီဒီယိုလေး ကို တင်လိုက်ရာကစလို့ ဆိုရှယ်မီဒီယာမှာ တော်တော်လေးနာမည်ကြီးသွားခဲ့ပါတယ်။

အသက် ၃ နှစ်အရွယ်ကတည်းက သူဟာ အိမ်နံရံဖက်တက်နိုင်ခဲ့တဲ့သူပါ။ အသက် ၄ နှစ်အရွယ်မှာတော့ သူ ဘောလုံးကစားတဲ့ဗီဒီယိုတွေကို IG မှာ စတင်ခဲ့ပါတယ်။

အဲဒီအချိန်က စပြီး ဆိုရှယ်မီဒီယာသုံးစွဲသူတွေကလည်း Arat လေးကို ချစ်ခင်လာကြပါတယ်။ နေ့စဉ်လေ့ကျင့်ခန်းလုပ်တဲ့ Arat လေးဟာ အရွယ်ရောက်ပြီးသားလအမျိုးသားတွေတောင် ရဖို့မလွယ်ကူနိုင်တဲ့ တောင့်တင်းတဲ့ခန္ဓာကိုယ်မျိုးကို ပိုင်ဆိုင်ထားပါတယ်။

ခုလို ဖြစ်ဖို့ဆိုတာ ၆ နှစ်အရွယ်ကလေးငယ် တစ်ယောက်အတွက်တော့ ဖြစ်တောင့်ဖြစ်ခဲပါနော်။ နေ့စဉ်လေ့ကျင့်မှုတွေကြောင့် Aratက လူကြီးတွေလို ဗလပြတဲ့ပို့စ်အမျိုးမျိုးကိုလည်း ပြုလုပ်နိုင်ပါတယ်။

Arat လေးရဲ့မျော်လင့်တဲ့ အိပ်မက်ကတော့ နောင်တစ်ချိန်မှာ ထူးချွန်တဲ့ဘောလုံးအားကစားသမားတစ်ဦး ဖြစ်လာဖို့ပါပဲ။ သူ့ရဲ့ Idol တွေကတော့ နာမည်ကျော် ဘောလုံးသမားတွေဖြစ်တဲ့ Cristiano Ronaldo နဲ့ Lionel Messi တို့ပဲ ဖြစ်ပါတယ်။

ဖခင်ဖြစ်သူကလည်း Arat လေးရဲ့အိပ်မက်အတွက် ထေက်ပံ့အားပေးနေသူပါ။ အရွယ်ငယ်ငယ်ကတည်းက အားကစားဘက်မှာပါရမီထူးခြားတဲ့ Arat လေးရဲ့ အရည်အရည်းကို ဖခင်ဖြစ်သူက သိရှိ ခဲ့ပြီး

ခုလိုမျိုး အားကစားလေ့ကျင့်နိုင်အောင် ပံ့ပိုး ပေးနေခဲ့တာဖြစ်ပါတယ်။ လက်ရှ်ိမှာ Arat ရဲ့အိပ်မက်တွေကို အကောင်အထည်ဖော်ဖို့အတွက် သူတို့မိသားစုဟာ အီရန်နိုင်ငံကနေ အင်္ဂလန်နိုင်ငံ၊ Liverpool မှာ ပြောင်းရွှေ့နေထိုင်ခဲ့ပါတယ်။

ဖခင်ရဲ့အဆိုအရ Liverpool ဘောလုံးကလပ်က တာဝန်ရှိသူတစ်ဦးဟာ Arat လေးရဲ့အရည်အချင်းတွေကို တွေ့မြင်သွားပြီးနောက်မှာ Liverpool Academy ကို ဖိတ်ခေါ်ကစားစေခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

ထို့ပြင် Arat လေးဟာ အင်္ဂလန်ဘောလုံးကလပ်များစွာရဲ့ ကမ်းလှမ်းမှုတွေကို လည်း ရရှိခဲ့တယ်လို့ဆိုပါတယ်။ အသက် ၆ နှစ် ကတည်းကလအရည်အချင်းရှိပြီး ချောမောတဲ့

အားကစားသမားလေး Arat Hosseini ဟာ နောင်ချိန်မှာ နာမည်ကျော်ကြားပြီး လင်းလက်တောက်ပတဲ့ ကြယ်ပွင့်လေးတစ်ပွင့် ဖြစ်လာမှာ အသေအချာပါဘဲနော်။

Leave a Reply

Your email address will not be published. Required fields are marked *