ဆင်အိုကြီးတွေအတွက် ဆင်စာဘူဖေးလှူဒါန်းပေးခဲ့တဲ့ “ယွန်းဝတီလွင်မိုး “နဲ့ “ယွန်းနန္ဒီလွင်မိုး”





zawgyi

တစ်ချိန်တုန်းက အနုပညာလောကမှာ ဒိတ်ဒိတ်ကြဲအောင်မြင်မှုတွေသိမ်းပိုက်ခဲ့တဲ့ လွင်မိုးရဲ့သမီးချောလေးနှစ်ယောက်ကိုတော့ ပရိသတ်ကြီးလည်း ချစ်ကြမှာပါနော်။သမီးအကြီးယွန်းဝတီလွင်မိုးကတော့ ဖခင်ရဲ့အနုပညာအမွေကို ဆက်ခံကာ အနုပညာလှုပ်ရှားမှုတွေနဲ့ ခေးလေး ဆိုပြီးတော့လည်း ပရိသတ်တွေက ချစ်ခင်ခဲ့ရသလို ငယ်ငယ်တုန်းက မိသားစုကြော်ငြာလေးထဲမှာ ပါဝင်ခဲ့တဲ့ ချစ်စရာ ဒီဒီးလေးကိုလည်းပရိသတ်တွေအချစ်ပိုခဲ့ရမှာပါ။

ဒီနေ့မှာတော့ ချစ်ရတဲ့သမီးလေးနှစ်ယောက်အတူ လှူဒါန်းထားတဲ့အလှူလေးကို ဖခင်ဖြစ်သူလွင်မိုးက မျှဝေပေးလာပါတယ်။ ဧရာဝတီတိုင်းဒေသကြီး ပုသိမ်ခရိုင် ပုသိမ်- မော်တင် လမ်း မိုင်တိုင်(၂၀) မှာရှိတဲ့ သစ်ကတိုးအိုင် ဆင်စခန်းမှာ ဆင်အိုများအတွက် ဆင်စာဘူဖေးလှူဒါန်းပေးခဲ့တာပဲ ဖြစ်ပါတယ်။

ဆင်အိုများ အာဟာရပြည့်ဝစေရန်အတွက်အထူးဖြည့်စွက်စာအနေနဲ့ ဆန်၊ ထန်းညက်၊ ပဲကျက်မှုန့်၊ အုန်းသီးနဲ့ပြုလုပ်ထားတဲ့ အုန်းထမင်းအာဟာရအပြင် ဖရဲသီး၊ နာနတ်သီး၊ ကြံ၊ ပြောင်းဖူး၊ ငှက်ပျောသီးတို့ ပါဝင်တဲ့ ဘူဖေးအာဟာရတစ်ရက်စာ (၈၀၀၀၀) ကျပ်ကို (၂) ရက်စာအတွက် အလှူငွေ တစ်သိန်းခြောက်သောင်း လှူဒါန်းပေးခဲ့တာပဲ ဖြစ်ပါတယ်။

အခုလို အစစအရာရာခက်ခဲနေတဲ့အချိန်မှာ အလှူရှင်ရှားပါးနေတဲ့ ဆင်အိုကြီးတွေအတွက် အခုလို သဒ္ဓါတရားထက်သန်စွာ လှူဒါန်းပေးခဲ့တဲ့ ခေးခေးနဲ့ ဒီဒီတို့ရဲ့အလှူလေးကတော့ တတယ်ကို မွန်မြတ်တဲ့အလှူလေးပါပဲ ပရိသတ်ကြီးရေဆင်အိုကြီးတွေ အစားအသောက်အလျှံအပယ်စားနိုင်ဖို့ လှူဒါန်းပေးခဲ့တဲ့ ညီမနှစ်ယောက်ရဲ့ အလှူလေးအတွက် ပရိသတ်လည်း သာဓုခေါ်ပေးခဲ့ကြပါဦးနော်။