နှလုံးခွဲစိတ်ကလေးများအတွက်ရည်ရွယ်ပြီး မိသားစုPROGRAMလေးရိုက်ကာရှာထားတဲ့ အလှူငွေသိန်း 1000ကို ကိုဗစ်ရောဂါအတွက်လှူဒါန်းပေးခဲ့တဲ့ ချစ်သုဝေတို့မိသားစု





zawgyi

ချစ်သုဝေတို့မိသားစုလေးကတော့ ခေတ်သစ်ဖောင်ဒေးရှင်းကိုတည်ထောင်ပြီး မွေးရာပါနှလုံးအပေါက်ပါတဲ့ကလေးငယ်လေးတွေကို ထောက်ပံ့လှူဒါန်းပေးနေတာဖြစ်ပါတယ်။ လတ်တလောမှာတော့ကိုဗစ်ရာဂါတွေနဲ့ပတ်သက်ပြီး ကာကွယ်ကုသထိန်းချုပ်ရေးလုပ်ငန်းများအတွက်တတ်နိုင်သလောက်ဆောင်ရွက်ပေးနေသလို ရှေးတန်းကတိုက်ပွဲဝင်နေကြတဲ့ဆရာဝန်များအတွက်လည်းလိုလေစေ့မရှိအောင်ဆောင်ရွက်ပေးနေတာဖြစ်ပါတယ်။

အလှူတွေကိုယ်စားလည်းလိုအပ်တဲ့နေရာတွေမှာတစ်ဆင့်လှူဒါန်းပေးနေတာဖြစ်ပြီး ကိုဗစ် 2nd waveအတွက်အလှူငွေမလောက်လို့ နှလုံးခွဲစိတ်ကလေးများအတွက်ရည်ရွယ်ကာ Trezaတို့မိသားစုprogramလေးရိုက်ပြီးရှာထားတဲ့ အလှူငွေတွေထဲကသုံးရတာသိန်း 1000နီးပါးရှိနေပြီလို့သိရပါတယ်။ ခေတ်သစ်ဖောင်ဒေးရှင်းမှ ကိုဗစ်ပထမ wave၊ ဒုတိယwave စုစုပေါင်းခုချိန်ထိလှူခဲ့တာသိန်းပေါင်း4000 နီးပါးရှိခဲ့ပြီဖြစ်ကြောင်း ချစ်သုဝေကယခုလိုပဲပြောပြထားခဲ့ပါတယ်။

အလုအယက်တွေလှူကြရအောင် Fundingတွေဟာကိုဗစ်အတွက်မတည်ငွေ အလှူရှင် ဝင်ငွေအားနဲ့မမျှအောင်လည်ပတ်နေရပါတယ် အခုဆို 2nd waveအတွက်အလှူငွေ မလောက်လို့နှလုံးခွဲစိတ်ကလေးများအတွက်ရည်ရွယ်ကာ Trezaတို့မိသားစုprogramလေးရိုက်ပြီးရှာထားတဲ့ အလှူငွေတွေထဲကသုံးရတာသိန်း1000နီးပါးရှိနေပါပြီကိုဗစ် ပထမ wave၊

ဒုတိယwave စုစုပေါင်းခုချိန်ထိလှူခဲ့တာသိန်းပေါင်း4000 နီးပါးရှိခဲ့ပါပြီ အလှူရှင်များကို လည်းကျေးဇူးတင်ပါတယ်
ဒီ Live donation အစီအစဉ်လေး စိတ်ကူးရတာနဲ့အကောင်အထည်ဖော်ဖြစ်ပါတယ် စနေညနေတခြားသော online တွေမှာဝယ်ကြရင်း Trezaရဲ့ အခုpageလေးက online donationမှာလည်းလာရောက်လှူဒါန်းပေးကြဖို့တိုက်တွန်းရင်း”ဆိုပြီးရေးသားကာပြောပြထားခဲ့တာဖြစ်ပါတယ်။