သံဃာတော်တွေ မြင်တာနဲ့ မြေပေါ်မှာ ထိုင်လို့ ဦးချကန်တော့ကြတဲ့ မြို့လေး





zawgyi

ဓမ္မစကူးလ်ကျောင်းတွေဟာ ကလေးတွေကိုသာမက လူကြီးလူလတ် ပိုင်းတွေကိုပါ ယဉ်ကျေးလိမ်မာသိမ်မွေ့စေတယ်ဆိုတာ ဒီဖြစ်ရပ်လေးက သက်သေပါ.ဘုန်းဘုန်းတွေ့တာနဲ့ မြေပေါ်ထိုင်ချ ဦးချကန်တော့ကြတဲ့ မြို့လေအကြော င်းမသိသေးရင် အောက်မှာ ဖတ်ကြည့်ပါနော်တောဘုန်းကြီးကလေးမြို့ထဲကို ဝင်လိုက်တာနှင့် ပထမဆုံးတွေ့ရတာက မွကွေီးေ ပါ် ကျကျ နနထိုင်ပြီး ရှိခိုးကန်တော့နေကြတဲ့ ပုံရိပ်တွေပါပဲ။ခုအချိန်ထိ ရောက်ခဲ့သမျှနေရာတွေထဲမှာ မတွေ့ဖူးသေးတဲ့ အကောင်းဆုံးအလှတရားတွေ ဖြစ် ပါတယ်။တောဘုန်းကြီးကလေးတို့ ဒေသမှာငယ်စဉ်တုန်းကတွေ့ရသေးပေမယ့် ခုချိန်တော့ ပျောက်ကွယ်သလောက်နီးနီး ဖြစ်နေပါပြီ။

ခုတခါ အမှတ်မထင် တွေ့လိုက်ရတော့ ရင်ထဲမှာ လှုပ်လှုပ်ခတ်ခတ်လေးဖြစ်သွား ရပါတယ်။မြေပြင်ပေါ် ပြားပြားဝပ် ဦးတော်တင်ကြတဲ့အထဲမှာ အဖွား အမေေ တွပါမက လူငယ်တွေပါ ပါပါတယ်။အထူးသဖြင့် ဆယ်ကျော်သက် ယောက်ျားလေးတွေပေါ့။ဒီပုံရိပ်တွေ မြင်လိုက်တယ်ဆိုရင်ပင် တည်းတဲ့နေရာ မရောက်ခင်မှာပဲကျက်သရေ ရှိလိုက်တာ လို့တွေးရင်း ဒီမြို့ကလေးကို ချစ်သွားမိပါတော့ တယ်။

ဗုဒ္ဓဘာသာ အငွေ့အသက်တွေထုံမွှမ်းပြီး ဓမ်မစကူးလျေ ကျာင်းတွေ ဖွင့်လှစ်ခဲ့တာတွေက အလှပေါ်အယဉ်ဆင့်ဆိုသလို အရိုးပေါ် အရွက်မဖုံးတဲ့ အလှဆုံးကျက်သရေရှိတဲ့ အဖြစ်ပါပဲ။ဒီဓလေ့ ဒီအပြုအမှု ရိုးရာတွေဟာ မန်လည်ဆရာတော်ဘုရားကြီးရဲ့ သြဝါဒ အဆုံးအမတြွေဖစ်ပါသတဲ့ ။ ဒေသခံတို့ရဲ့တဆင့်စကား ကြားခဲ့ရပါတယ်။

ဒီဓလေ့ ဒီအလှတရားတွေ မြင်ချင်တွေ့ချင်ကြရင်ဖြင့် စစ်ကိုင်းတိုင်းဒေသကြီး အင်းတော် မြို့လေးကို လာခဲ့ကြပါလို့ ဖိတ်ခေါ်လိုက်ပါရစေ ။အဲတာကြောင့် ဗုဒ္ဓဘာသာမြန်မာလူမျိုးတွေအတွက် ဒီလိုမြို့လေးတွေအများကြီး ဖြစ်လာရှိ လာပါစေလို့ ဆုတောင်းလိုက်ရပါတယ်နော်ပရိသတ်ကြီးတို့လည်း အဆိုပါ မြို့သူမြို့သားတွေရဲ့ စိတ်လေးကို ချီးကျူးဂုဏ်ပြုခဲ့ကြ ပါအုံးနော်။ခရက်ဒစ်