ပွဲစပြီး မိနစ်ပိုင်းအတွင်း MMA Fighter အောင်လအန်ဆန်း ပြိုင်ဘက်ကို ရှုံးနိမ့်






zawgyi

ပွဲစပြီး မိနစ်ပိုင်းအတွင်း MMA Fighter အောင်လအန်ဆန်း ပြိုင်ဘက်ကို ရှုံးနိမ့်

ယနေ့ စင်္ကာပူတွင် ကျင်းပသည့် မြန်မာဂုဏ်ဆောင် MMA Fighter တစ်ဦးဖြစ်သည့် အောင်လအန်ဆန် ဟာ ပြိုင်ဘက် ကစားသမားဖြစ်သူကိုပွဲစပြီး မိနစ်ပိုင်းအတွင်းမှာ ရှုံးနိမ့်သွားခဲ့ပါတယ်။

ဒီပွဲမှာ အောင်လအန်ဆန်ဟာ တစ်ဖက်ကစားသမားရဲ့ ချုပ်ကွက်ကို မဖြည်နိုင်ဖြစ်ခဲ့ရပြီး အလစ်အငိုက်အတိုက်ခံလိုက်ရတာပဲ ဖြစ်ပါတယ်။

တစ်ဖက်ကစားသမားကလည်း အောင်လအန်ဆန်ရဲ့ အားနည်းချက်ကို သိပုံပါပဲ။ ဒါကြောင့် ပွဲစပြီး မိနစ် အနည်းငယ်အတွင်းမှာ အောင်လအန်ဆန်ကို လက်သီးထိုးဖို့ထက် ချုပ်နှောင်ဖို့သာ စဉ်စားရင်း လုံးထွေးခဲ့တာဖြစ်ပါတယ်။

အခုတော့ အောင်လအန်ဆန် ကို အားပေးဖို့ စောင့်နေတဲ့ မြန်မာ ပရိသတ်ကတော့ အသည်းကွဲတဲ့ ညပါပဲ ခင်ဗျာ။