မာရှယ်ကို အွန်နရီ ရော်နယ်ဒိုတို့နဲ့ ခိုင်းနှိုင်းလိုက်တဲ့ မန်ယူအသင်းဂန္တဝင် ဒွိုက်ယော့ခ်

မန်ယူအသင်းရဲ့ ဂန္တဝင်ကစားသမား ဟောင်းကြီးဒွိုက်ယောခ့် က အသင်းရဲ့လူငယ်တိုက်စစ်မှူး မာရှယ်ဟာ အွန်နရီ၊ရော်နယ်ဒိုလ် တို့လိုဖြစ်လာနိုင်တယ် လို့ချီးကျူးခဲ့ပါတယ်။

ဒါပေမယ့်အိုးထရက်ဖိုဒ်မှာ နံပါတ် ကိုး နေရာမှာ ကစားနေတဲ့ အဆိုပါ ပြင်သစ်ကစားသမား ပိုမိုအစွမ်းပြဖို့အတွက် ချိန်ညှီမှုတွေလုပ်ရမယ်လို့ ဆိုသွားခဲ့ပါတယ်။

“မာရှယ်က သူ့ခြေစွမ်းနဲ့ ပက်သက်ပြီး ဒီထက်ပို လေ့လာဖို့တော့ လိုနေသေးတယ်” လို့ ယောခ့်က သုံးသပ်ခဲ့ပါတယ်။

၂၀၁၉-၂၀၂၀ ဘောလုံးရာသီမှာ မာရှယ်က ယူနိုက်တက်ရဲ့ ဂိုးသွင်းအများဆုံးကစားသမား ဖြစ်ခဲ့ပြီး နှစ်ဆယ့်သုံးဂိုး သွင်းယူနိုင်ခဲ့ပါတယ်။ တကယ်တမ်း ကိုဗစ်အလွန်ကာလမှာ မာရှယ်ရဲ့ခြေစွမ်းက ပိုလို့တောင် တိုးတက်လာခဲ့ပါတယ်။

၂၄ နှစ်အရွယ် တိုက်စစ်မှုးဟာ ယူနိုက်တက်အသင်း ပရီးမီးယားလိဂ် ဇယားရပ်တည်မှုမှာ အဆင့်သုံးနေရာရအောင် တစ်ဖက်တစ်လမ်းက စွမ်းဆောင်နိုင်ခဲ့သလို ဆီးမီးဖိုင်နယ် သုံးခုတက်ရောက်ရာ လမ်းကြောင်းမှာလဲ အကောင်းဆုံး ကူညီပေးခဲ့ပါသေးတယ်။

ဒါပေမယ့် အရေးကြီးတဲ့ ပွဲစဉ်တွေ ဂိုးမသွင်းနိုင်တဲ့ သူ့ရဲ့လက်ရှိခြေစွမ်းနဲ့ပက်သက်ပြီး ဝေဖန်မှုတွေ မြင့်တက်နေဆဲပါပဲ။ သူဟာ ယူရိုပါလိဂ်ဆီမီးဖိုင်နယ် ဆီဗီးလားကို နှစ်ဂိုးတစ်ဂိုးနဲ့ ရှုံးနိမ့်ခဲ့တဲ့ ပွဲစဉ်မှာ အပိုင်အခွင့်အရေး အချို့ကို ဖြုန်းတီးပစ်ခဲ့တာပါ။

ဒါဟာ နည်းပြဆိုလ်းရှားအတွက် အဆုံးသတ်သေချာမယ့် တိုက်စစ်မှူးမျိုးကို ခေါ်ယူဖို့ မီးမောင်းထိုးပြခဲ့တဲ့ အနေအထား ဖြစ်ခဲ့ပါတယ်။

အသင်းဂန္တဝင် ယောခ့် က ခက်ခဲတဲ့နေရာမှာ တာဝန်ယူနေရတဲ့ မာရှယ်ကို ဂရုဏာသက်မိနေပြီး ကြိုးစားကစားရင် ပရီးမီးယားလိဂ် ဂန္တဝင်တွေရဲ့ ခြေရာကိုနင်းနိုင်မှာဖြစ်ကြောင်း အခုလို ဆိုပါတယ်။

“နံပါတ်ကိုးနေရာဟာ အလွန်အရေးပါတဲ့ နေရာတစ်ခုပါ။ ခက်လည်းခက်ခဲပါတယ်။ ပွဲတစ်ပွဲကို အလှည့်အပြောင်း ဖြစ်စေနိုင်တဲ့ နေရာပါ။”

“ကျွန်တော်ကစားသမားဘဝက ကျောနံပါတ်ကိုး ဝတ်ဆင်ဖို့ လုံးဝမစဉ်းစားခဲ့ပါဘူး။ဘယ်တောင်ပံမှ ညာတောင်ပံအထိ ပြေးလွှားကစားရင်း ကျွန်တော့ အရည်အသွေးတွေ တိုးတက်အောင်လုပ်ခဲ့ပါတယ်။ ဒါပေမယ့် နံပါတ်ကိုး နေရာမှာ ကစားဖို့ကိုတော့ မယူခဲ့မိပါဘူး။”

“အသင်းနောက်တန်းကနေ အခြားအသင်းဂိုးပေါက်ကို ခြိမ်းခြောက်နိုင်ရမယ်။ နောက်တန်းတွေကို လိမ်ခေါက်ပြီး ပြေးနိုင်ရမယ်။ ဒါဟာ အဲ့ဒီနေရာမှာ ကစားရမယ့် သူရဲ့ တာဝန်ပဲ။ တကယ်တမ်း တိုးတက်ချင်ရင်တော့ ဒီနေရာမှာ မနားတမ်း ကစားနေမှရမယ်”

“ပရီးမီးယားလိဂ်ရဲ့ ထိပ်တန်းဂိုးသွင်းရှင်တွေဖြစ်တဲ့ ရော်ဘီဖောင်လာ၊ အီရန်ရိုက်၊ အလန်ရှိးယားနဲ့ အန်ဒီကိုလ်း တို့ကိုပဲကြည့်လေ။ သူတို့ဒီနေရာမှာပဲ အချ်န်အတော်ကြာ ကစားခဲ့ကြတာ။”

“မာရှယ်က ကျွန်တာ်နဲ့ တူချင်လည်းတူမယ်။ ဟင်နရီ၊ ဝိန်းရွန်းနီ၊ ခရစ်တီယာနို တို့နဲ့ တူချင်လည်းတူမယ်ပေါ့။ ဒါမယ့် မာရှယ်လုပိရမယ့်အရာက ကျောနံပါတ်ကိုး ကစားသမားအနေနဲ့ တောင်ပံမှာ တိုးတက်မှုတွေ အရည်အသွေးတွေကောင်းကောင်းပြနိုင်ဖို့ပဲ။ ဒါ မာရှယ်လုပ်ရမယ့်အရာတစ်ခုပဲ။”

“မာရှယ် တိုးတက်လာမယ်လို့ ကျွန်တော်ယုံတယ်။ သူရဲ့ခြေစွမ်းကို ဆန်းစစ်ပြီး အများကြီး လေ့လာဖို့တော့ လိုသေးတယ်။”

“ကျွန်တော်ပြောတဲ့ ဂိုးသွင်းရှင်တွေဟာအသက်နှစ်ဆယ် အစောပိုင်းမှာ ကတည်းက ဒီတာဝန်ကိုယူခဲ့ကြတာ။ ကျွန်တော့်အသက်နှစ်ဆယ့်လေးနှစ် တိုင်အောင် ကျွန်တော်တိုက်စစ်မကစားခဲ့ဘူး။”

” ခုနက ပြောခဲ့တဲ့ ကောင်းပေ့ဆိုတဲ့ ကစားသမားတွေ အားလုံး အသက်နှစ်ဆယ်အစောပိုင်းကထည်းက နံပတ်ကိုးနေရာမှာ ကစားခဲ့ကြတယ်။ ဒါကြောင့်လဲ တိုးတက်မှုတွေ ရှိခဲ့တာပေါ့။”

“ယူနိုက်တက် ကြုံတွေ့နေရတဲ့ စိန်ခေါ်မှုတွေကို ကျွန်တော်နားလည်ပါတယ်။ ပြီးရင် လူတွေခေါ်ယူဖို့လည်း လိုအပ်တယ်။ အိုလီရဲ့ လူတွေမှာလည်း အစွမ်းအစရှိပါတယ်။ သူဘယ်လို တိုးတက်အောင် လုပ်ဆောင်သွားမလဲဆိုတာ စိတ်ဝင်စားစရာပဲ။”

“အိုလီကိုယ်တိုင်ကလည်း တိုက်စစ်မှုးတစ်ယောက်ပဲ သူဒါကို ဘယ်လိုတိုးတက်အောင်လုပ်ရမလဲ ကောင်းကောင်းသိမှာပါ။ ဒီနှစ် မာရှယ်ဘယ်နှဂိုး သွင်းလဲပဲကြည့်လေ။ ဒါသူ့ရဲ့တိုးတက်မှုပဲ” လို့ တော့စပေါ့ကို သူ့ရဲ့အမြင်တွေနဲ့ အသင်းဟောင်းအပေါ်သုံးသပ် ဖြေကြားခဲ့ပါတယ်။

မန်ယူအသင်းဟာ ဖလားလက်မဲ့ရာသီ ကိုကြုံတွေ့လိုက်ရပြီး အသင်းရဲ့တိုက်စစ်ပြဿနာကို ဖြေရှင်းဖို့ ဆန်ချို အသည်းအသန်ကိုကမ်းလှမ်းနေတဲ့အခြေအနေပါ။

ဒေါ့မွန်အသင်းရဲ့ ဈေးကိုင်နေမှုကြောင့် အပြောင်းအရွှေ့ဟာ ဒီနှစ်နွေရာသီ သေချာတော့မှာ မဟုတ်ဘူးလို့ သတင်းတွေလည်းထွက်ခဲ့ပါပြီ။

ဒီတော့ ဆန်ချိုကို မရမက ကြိုးစားနေမယ့်အစား တိုက်စစ်အတွက် တကယ်လိုအပ်မယ့် နေရာမှာ မန်ယူအသင်းဘယ်လိုရှေ့ဆက်လုပ်ဆောင်မလဲ ဘယ်လိုဖြေရှင်းသွားမလဲဆိုတာကတော့ နည်းပြဆိုးရှားရဲ့ အကြံကို စောင့်ကြည့်ရမှာပါ။

Leave a Reply

Your email address will not be published. Required fields are marked *