တန်ခိုးကြီးဘုရားစေတီတော်များကို ပြန်လည်ဖူးမြှော်ခွင့်ပြုတော့မည့် ရက်ကို ထုတ်ပြန်ကြေငြာလိုက်ပြီ





zawgyi

ယခု နိုဝင်ဘာ နောက်ဆုံးပတ်မှစတင်ကာ တန်ခိုးကြီးဘုရား ပုထိုးစေတီများကို လူဦးရေ ကန့်သတ်ချက်ဖြင့် ပြန်လည် ဖူးမျှော်ခွင့်ပြုသွားမည်ဖြစ်ကြောင်း ကိုဗစ် ကာကွယ် ထိန်းချုပ် ကုသရေး အမျိုးသား အဆင့် ဗဟိုကော်မတီအစည်းအဝေးမှသိရပါတယ်။အစည်းအဝေးတွင် Stay at Home သတ်မှတ်ထားခြင်း မရှိသော တိုင်းဒေသကြီး/ ပြည်နယ်များမှ

တန်ခိုးကြီးဘုရား၊ ပုထိုး၊ စေတီများအား နေ့စဉ် နံနက်တစ်ကြိမ်၊ နေ့လယ်တစ်ကြိမ် လူဦးရေကန့်သတ်ချက်ဖြင့် ဖူးမြော်ခွင့်ပြုနိုင်ရေး နှင့်နိုဝင်ဘာလနောက်ဆုံးပတ်အတွင်း ကိုဗစ်ရောဂါကူးစက်ပျံ့နှံ့မှုအပေါ် မူတည်၍နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီး/ ပြည်နယ်များမှ Stay at Home သတ်မှတ်ထားခြင်း မရှိသောမြို့နယ်များရှိ ဘုရား၊ ပုထိုး

စေတီများ ဖူးမြော်ခွင့်နှင့် ဘုန်းကြီးကျောင်း ၊ ဗလီ ၊ Church ကျောင်းများတွင် ဉပုသ်သီလဆောက်တည်ခြင်း၊ ဝတ်ပြုဆုတောင်းခြင်းများ တစ်လလျှင် လေးကြိမ် လူဦးရေ ၃၀ ထက်မပိုဘဲ ခွင့်ပြုနိုင်ရန် စီစဉ်နေတယ်လို့ ဆိုပါတယ်။ သို့သော် ကိုဗစ် ရောဂါ ဖြစ်ပွားမှုအပေါ် မူတည်၍ချက်ချင်းပြန်လည်ရပ်ဆိုင်းသွားမည်ဖြစ်ကြောင်း သိရပါတယ်။

အလားတူ ဒီဇင်ဘာ ၂၅ ရက်တွင် ကျရောက်မည့် ခရစ်စမတ်ပွဲတော်နှင့် ဒီဇင်ဘာ ၃၁ ရက် နိုင်ငံတကာ နှစ်သစ်ကူး ပွဲတော်နေ့များ၌ Church ကျောင်းများတွင် ဝတ်ပြုဆုတောင်းခြင်းအား လူ ၅၀ ထက် မပိုစေဘဲ ခွင့်ပြုသွားမည်ဖြစ်ကြောင် သိရပါတယ်။ ယခုသီတင်းပတ်အတွင်း သတင်းထုတ်ပြန်သွားမည်ဖြစ်ကြောင်း သိရပါတယ်။