ငွေကျပ်သိန်းထောင်ပေါင်းများစွာအကုန်ကျခံပြီး အောင်ဇမ္ဗူဗုဒ္ဓသာသနာ့ရိပ်သာမှာ ကျောင်းဆောင် ဆောက်လုပ်လှူဒါန်းခဲ့တဲ့ စမိုင်းလ်





zawgyi

မင်းသမီး စမိုင်းလ်ကတော့ ယနေ့အချိန်ထိ ပရိသတ်တွေရဲ့ အချစ်တွေကို ရရှိနေတုန်ဖြစ်ပြီး အနုပညာအလုပ်တွေကို ဖြည်းဖြည်းချင်း ပြန်လည်လုပ်ကိုင်လာနေတဲ့ အနု ပညာရှင်တစ်ယောက်ပဲ ဖြစ်ပါတယ်။ စမိုင်းလ်က စိတ် သဘောထားပြည့်ဝသလို သူတစ်ပါးကိုလည်းအမြဲကူပေးတတ်တဲ့ သူပဲဖြစ်ပါတယ်။ ဒါ့အပြင် ဘာသာတရားကိုအထူးကိုင်းရှိုင်းသူဖြစ်တာကြောင့်

အလှူအတန်းတွေကိုလည်း လက်မနှေးပဲ ရက်ရက်ရောရော လှူဒါန်းပေးတာကိုလည်းတွေ့ရပါတယ်။လတ်တလောမှာတော့ စမိုင်းလ်ဟာ ပြင်ဦးလွင်က အောင်ဇမ္ဗူ ဗုဒ္ဓသာသနာ့ရိပ်သာမှာ၂ထပ်ကျောင်းဆောင်လေးဆောက်လုပ်လှူဒါန်းခဲ့ကြတာပဲဖြစ်ပါတယ်။သရုပ်ဆောင် စမိုင်းလ်တို့ မိသားစု က ပြင်ဦးလွင်မြို့၊ အောင်ဇမ္ဗူ ဗုဒ္ဓသာသနာ့ ရိပ်သာ (၂) ထပ်

ကျောင်းဆောင် လှူဒါန်းခြင်း အတွက်ကျောင်း ရေစက်ချ ကမ္ဗည်းထိုး အလှူ နှင့် ကထိန် သင်္ကန်းကပ် အလှူ ကို နိုဝင်ဘာလ (၁၄) ရက်နေ့ က ရန်ကုန်၊ မှော်ဘီ၊ အောင်ဇမ္ဗူ တောရကျောင်းတိုက်တွင် ပြုလုပ်ခဲ့ကြပါတယ်။ဒီနေ့မှာတေ့ာစမိုင်းလ်က ကျမတို့လှူထားတဲ့ ပြင်ဦးလွင် ၂ထပ် ကျောင်းဆောင် အောင်ဇမ္ဗူဗုဒ္ဓသာသနာ့ရိပ်သာရဲ့ကထိန်အလှူ ဆိုပြီး

ကျောင်းဆောင်ပုံ လေးတွေ တင်ထားတာပဲဖြစ်ပါတယ်။ အောင်ဇမ္ဗူ ဗုဒ္ဓသာသနာ့ရိပ်သာ(၂) ထပ်ကျောင်းဆောင် ဆောက်ဖို့ အတွက် ငွေကျပ် သိန်း (၁၅၀၀) ကို တစ်ဦးတည်း လှူဒါန်းခဲ့တာပါ။လှိုင်သာယာမှာလည်း နောက်ထပ် တစ်ကျောင်း လှူဒါန်းဖို့ရှိပါတယ်လို့သရုပ်ဆောင် စမိုင်းလ် ကပြောခဲ့ပါသေးတယ်။