ကိုဗစ်ကာကွယ်ဆေးရနိုင်မယ့်ရက်ကို ထုတ်ပြန်လိုက်ပြီ ကပ်ရောဂါကြီး အဆုံးသတ်တော့မယ်ဗျာ





zawgyi

ဗြိတိန်နိုင်ငံမှာ ဒီဇင်ဘာလ ၁ရက်ကစတင်ကာ ကိုဗစ် ကာကွယ်ဆေးအတွက် အဆင်သင့် ဖြစ်နိုင်ဖွယ်ရှိပြီး ကာကွယ်ဆေးတွေကိုခရစ္စမတ်ပွဲတော်မတိုင်မီထိုးနှံသွားနိုင် မယ်လို့ဗြိတိန်ကျန်းမာရေးဝန်ကြီးမက်ဟန်ကော့ခ်ကပြော ကြားလိုက်ပါတယ်။ ဗြိတိန်နိုင်ငံအတွင်း ဒီဇင်ဘာလ ၁ ရက်က စတင်ပြီး ကိုဗစ် ကာကွယ်ဆေး တွေ ကို ဖြန့်ဝေပေးသွားဖို့

အဆင်သင့် ဖြစ်နိုင်မယ်လို့ ကျန်းမာရေးဝန်ကြီး မက်ဟန်ကော့ခ်က ပြောကြားလိုက်တာပါ။ကာကွယ်ဆေးနဲ့ ပတ် သက်လို့ ဗြိတိန်အစိုးရအနေနဲ့ ကာကွယ် ဆေးကုမ္ပဏီနဲ့အတူ ပူးပေါင်းဆောင်ရွက်နေပြီး ဒီဇင်ဘာလ ၁ ရက်ကစလို့ အဆင်သင့် ဖြစ်နိုင်ကာ ခရစ္စမတ်ပွဲတော် မတိုင်မီမှာ ပိုပြီး ဖြစ်နိုင်ပါလိမ့်မယ်လို့ ဝန်ကြီးက ဆိုပါတယ်။

တစ်ချိန်တည်းမှာပဲ သိပ္ပံပညာရှင်တွေအနေနဲ့ ကိုဗစ် ကာ ကွယ်ဆေး နောက်တစ်မျိုးကို ဗြိတိန်နိုင်ငံ မှာ လူပေါင်း ၆၀၀ဝ နဲ့ စမ်းသပ်မှုကို စတင်နေကြပြီလို့လည်း ၄ကဆိုပါတယ်။ Janssen ဆေးဝါး ထုတ်လုပ်ရေးဆီက ကာကွယ်ဆေး သန်း ၃ဝ စာကိုလည်း ဗြိတိန်မှာ လာမယ့် ၂၀၂၁ခုနှစ်

နှစ်လယ်ပိုင်း လောက်ကျရင် ရရှိသွားဦးမယ်လို့လည်း သိရပါတယ်။နောက်ထပ်အနေ နဲ့ အောက်စ်ဖို့ဒ်တက္ကသိုလ်နဲ့ AstraZeneca ရဲ့ ကာကွယ်ဆေး စမ်းသပ်စစ်ဆေးမှုအခြေအနေကိုလည်း လာမယ့်အပတ်ထဲမှာ အစီရင်ခံထုတ်ပြန်သွားနိုင်မယ်လို့ သိရပါတယ်။ခရက်ဒစ်