မင်္ဂလာသက်တမ်း ၁၆ နှစ်ပြည့်နှင့် သမီးမွေးနေ့ တစ်ထပ်တည်း ကျတဲ့ယနေ့မှာ ကျန်းမာရေးဝန်ထမ်းတေကို သိန်း ၆၀၀ ဖိုးလှူဒါန်းခဲ့တဲ့ သူဌေးကြီးဦးစိုင်းမျိုးဝင်း





zawgyi

ကျွန်တော်၏ (၁၆)နှစ်ပြည့် မင်္ဂလာနှစ်ပတ်လည်နေ့နှင့် ကျွန်တော်တို့၏ တစ်ဦးတည်းသော ချစ်သမီးလေး နန်းရည်မွန်အောင်၏ မွေးနေ့တို့ တစ်ရက်တည်းဖြစ်သည့် (၉.၁.၂၀၂၁)ရက်နေ့တွင် ကျွန်တော်တို့၏ Golden Environmental Construction Co., Ltd. မှ ပိုင်ဆိုင်ပြီး နိုင်ငံတော်၏ လိုအပ်ချက်အရ ကုသရေးစင်တာအဖြစ် လှူဒါန်းထားသည့် ရန်ကုန်တိုင်းဒေသကြီး၊ သာကေတမြို့နယ်ရှိ Fortune Plaza We Love Yangon Happy Center တွင်ကျွန်တော်တို့နိုင်ငံရဲ့ ကိုဗစ် ရောဂါတိုက်ဖျက်ရေးကို အမျိုးသားရေးတာဝန် တစ်ရပ်အနေနဲ့ ခံယူပြီး ကိုယ်ကျိုးစွန့်၊အနစ်နာခံကာ စွမ်းစွမ်းတမံ တာဝန်ထမ်းဆောင်တိုက်ပွဲဝင်နေကြတဲ့ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာန၊ ကျန်းမာရေးဦးစီးဌာနမှ နိုင်ငံ့ဝန်ထမ်းများနှင့် We Love Yangon လူထုအခြေပြု ပရဟိတအသင်းတို့မှ ပရဟိတ ဆောင်ရွက်နေသူများကို ဂုဏ်ပြုချီးမြှင့်တဲ့အနေနဲ့ အထောက်အပံ့ပစ္စည်းများနှင့် ငွေသားအပါအဝင် ကျပ်သိန်းပေါင်း (၆၀၀)ကို လှူဒါန်းခဲ့ပါသည်။

ကုသိုလ်ပြု လှူဒါန်းရန် များစွာ ရှိသည့်အနက်မှ ဤနေရာသို့ ရွေးချယ်၍ လှူဒါန်းရခြင်းမှာ ကိုဗစ် တိုက်ပွဲအတွက် ရှေ့တန်းမှ တိုက်ပွဲဝင်နေကြသည့် Fortune Plaza We Love Yangon Happy Center ရှိ ဆရာဝန်များ ၊သူနာပြုများ၊ စေတနာ့ဝန်ထမ်းများ၊ လုံခြုံရေးဝန် ထမ်းများနှင့် We Love Yangon လူထုအခြေပြု ပရ ဟိတအသင်းမှ အဖွဲ့သားများအား အထူးလေးစားတဲ့ အတွက်ကြောင့် ဖြစ်ပါသည်။

လှူဒါန်းမှု ပြုရာတွင် Fortune Plaza We Love Yangon Happy ကိုဗစ်Center ရှိကျန်းမာရေး ဝန်ထမ်း များအတွက် အစိုးရလစာ၏ (၁)လစာအား တစ်ဦးချင်းစီအလိုက် ဂုဏ်ပြုပေးအပ်ခြင်း၊ စေတနာ့ဝန်ထမ်း များအတွက် တစ်ဦးလျှင်(၁)သိန်းကျပ်စီဂုဏ်ပြုပေးအပ်ခြင်း ကျန်းမာရေးဝန်ထမ်းများနှင့် စေတနာ့ဝန်ထမ်းများ ပျော်ရွှင်၍ စိတ်ဖိစီးမှု လျော့နည်း သက်သာစေရန် ပျော်ရွှင်ဖွယ်ရာ ဗလာမပါကံစမ်းမဲများ ဖောက်ပေးခြင်းနှင့် ကျွန် တော်တို့၏ Fortune Plaza We Love Yangon Happy Center တွင် တက်ရောက်၍ ဆေးကုသမှု ခံယူနေသည့် တစ်ဦးတစ်ယောက်ချင်းတို့ကိုလည်း အမှတ်တရ လက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့ပါသည်။

ကျွန်တော်တို့ နိုင်ငံရဲ့ ရှေ့တန်းကနေ တိုက်ပွဲဝင်နေကြတဲ့ လူစွမ်းကောင်းများ ဖြစ်ကြသော ကျန်းမာရေး ဦးစီးဌာနမှ ဆရာဝန်များ၊ သူနာပြုများနှင့်စေတနာ့ဝန်ထမ်းများ တိုက် ပွဲမှာ ဘေးမသီရန်မခပဲ အားလုံးရာနှုန်းပြည့် ကျန်းမာစွာ ချမ်းသာစွာဖြင့် အောင်မြင်ပြီးဆုံးသည်အထိ တိုက်ပွဲဝင်နိုင်ကြပြီး နိုင်ငံ့အကျိုး၊ အများကောင်းကျိုးကိုဆက်လက် ၍ ဆောင်ရွက် နိုင်ပါစေ။