zawgyi
မော်ဒယ်လ်တစ်ယောက်ဖြစ်သလို အစီအစဉ်တင်ဆက်သူ အခမ်းအနားမှူးတစ်ယောက်လည်းဖြစ်တဲ့ တင်မိုးလွင်ကို လူကြီး၊ လူငယ် ပရိသတ်တိုင်း မသိတဲ့သူ မရှိလောက်ဘူးလို့ ထင်ပါတယ်။တင်မိုးလွင်ကတော့အခုဆိုရင်အသက် အရွယ်တစ်ခုကို ရောက်ရှိလာခဲ့ပြီဖြစ်ပြီး
သူမရဲ့ အလုပ်တွေနဲ့အတူတူ ဘာသာရေးနဲ့ ကုသိုလ်ရေးတွေကိုလည်း အချိန်ပေးလုပ်ကိုင်လာတာကို တွေ့ရပါတယ်။ အပူအပင်ကင်းတဲ့ဘဝကို ပိုင်ဆိုင်ထားတဲ့ တင်မိုးလွင်ကတော့ သူမရဲ့ နေ့ရက်တိုင်းမှာ အများအကျိုးရှိစေမယ့်အရာတွေကို ပြုလုပ်ရင်း ဖြတ်သန်းနေတာပဲ ဖြစ်ပါတယ်။
ဒီကနေ့မှာတော့ တင်မိုးလွင်က မြန်မာပြည်သူပြည်သားတွေအတွက် အကျိုးရှိစေမယ့်အလှူလေးတစ်ခုကို ပြုလုပ် ခဲ့ပြန်ပါပြီ။ တင်မိုးလွင်ကကာကွယ်ဆေး ရန်ပုံငွေအတွက် အလှုငွေ ကျပ်သိန်း(၁၀၀) လှုဒါန်းခဲ့ကြောင်းကို ပရိသတ်တွေကို ထပ်တူ အမျှရ သာဓုခေါ်ဆိုနိုင်ဖို့အတွက်
ကာကွယ်ဆေး ရန်ပုံငွေအတွက်အလှုငွေ ကျပ်သိန်း ၁၀၀ လှုဒါန်းခဲ့ပါတယ်ရှင် မြန်မာနိုင်ငံသူနိုင်ငံသားအားလုံး ကပ်ဘေးအမျိုးမျိုးမှ ကင်းဝေး ကြပါစေရှင် ဆိုပြီး သူမရဲ့ ဖေ့စ်ဘုတ်စာမျက်နှာကနေ မျှဝေပေးလာခဲ့တာပဲ ဖြစ်ပါတယ်။
ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းမတဆင့် အလှူငွေ သိန်း ၁၀၀ ကို ထပ်မံလှူဒါန်းပေးခဲ့တာ ဖြစ်ပါတယ်။ ဖတ်ရှုပေးတဲ့ ပရိသတ်ကြီးအားလုံးလည်း သာယာ ပျော်ရွှင်တဲ့နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။