နာရေးလမ်းကြောင်းလိုက်ပို့ရင်း ကားငါးစီးဆင့်တိုက်တဲ့အထဲပါပြီး အက်ဆီဒင့်ဖြစ်ခဲ့တဲ့ ကျော်သူ








zawgyi

ပရိသတ်တွေချစ်ခင်အားပေးရတဲ့မင်းသားကြီးဉီးကျော်သူကတော့တစ်ခေတ်တခါကလျှမ်းလျှမ်းတောက်အောင်မြင်ခဲ့ပြီးအကယ်ဒမီထူးချွန်ဆုတွေလည်းဆွတ်ခူးရရှိထားပါတယ်။ယခုအချိန်မှာတော့ ဉီးကျော်သူက နာရေးကူညီမှုအသင်းကိုထူထောင်ထားပြီး အများအကျိုးကိုသယ်ပိုးနေတဲ့သူတစ်ယောက်ဖြစ်ပါတယ်။ဒီကနေ့မှာလည်းကျော်သူကနာရေးကူညီမှုအသင်း ကားကိုမောင်းရင်းနဲ့ကားငါးစီးဆင့်တိုက်ပြီး အက်ဆီဒင့်ဖြစ်ခဲ့ရကြောင်းအခုလိုပဲပြောပြလာပါတယ်။

ကားငါးစီးဆင့်ကာဆင့်ကာတိုက်သော်ငြာဘာမှမပူပါနဲ့။ဘာမှမဖြစ်ဘူး။ဗုဒ္ဓဘုရားနှလုံးသားမှာရှိတယ်။ဘုန်းဘုန်းဘုရားလည်မှာဆွဲထားတယ်။ယနေ့နာရေးကူညီမှုလမ်းကြောင်းရေဝေးသုဿန်သို့အသွားလမ်းတစ်နေရာရိြှဖတ်လမ်းရှိသောနေရာတွင်ပင်မကားများရှင်းပါကတစ်ဖက်လမ်းသို့ကူးရန်အတွက်တန်းစီစောင့်နေသောကားလေးတစ်စီးနှင့်

လိုက်ထရပ်ကားအားနောက်မှအဝေးပြေးခရီးသယ်တင်ကားတစ်စီးမှတိုက်လိုက်၍ရှေ့ဆုံးတွင်ရပ်နေသေ ကားမှာတစ်ဆင့်ချင်းတိုက်ခံရပြီးကျွန်တော်မောင်းလာသည့်နာရေးနိဗ္ဗာန်ယာဉ်အားရှေ့ဘေးမှဆောင့်တိုက်လိုက်၍ မိမိမှရှောင်လိုက်သော်လည်းမိမိ၏ညာဖက်ရှိ ဘတ်စ်ကားတစ်စီး၏ နောက်ပိုင်းဘေးဖက်ကိုမိမိမှတစ်ဆင့်တိုက်မိတော့သည်။လူများဘာမျှမဖြစ်သော်လည်းတိုက်ခံရသည့်ကားငယ်(ရှေ့/နောက်)၊လိုက်ထရပ်(ရှေ့/နောက်)၊နာကူယာဉ် ရှေ့ ဘယ် ညာ ၊ဘတ်စ်ကားကြီး နောက်ဖက်လဘယ်ဖက်ခြမ်းပွန်းအသီးသီးထိသွားခဲ့သည်။ကားငါးစီးဆင့်ကာဆင့်ကာတိုက်ခံရသည့်ဖြစ်ရပ်ပင်ဖြစ်တော့သည်။

မိမိမှလမ်းမှန်၊ပုံမှန်မောင်းသော်ငြားတစ်ဖက်မှ အန္တရာယ်သည်မည်ကဲ့သို့လာမည်ကိုအထူးသတိထားရန်အသိတရားတစ်ခုရှိခဲ့ရသည်။နိဗ္ဗာန်ယာဉ်ပေါ် ပါလာသောဘဝကူးသွားသည့်ရုပ်ခန္ဓာအားအသင်းမှနိဗ္ဗာန်ယာဉ်တစ်စီးအာအမြန်ခေါ်၍ဘော်ဒီအားပြောင်းရွှေ့ကာရေဝေးသုဿန်သို့ပို့ဆောင်သြင်္ဂိုလ်ပေးမှုအားတာဝန်မပျက်၊တာဝန်ကြေစွာလုပ်ဆောင်ပေးခဲ့ပါသည်။

အသင်းသို့ပြန်အရောက်သုခဆေးခန်းမှတာဝန်ရှိသူများမှအတင်းခေါ်ဆောင်၍မိမိအားအာထရာဆောင်းစက်ဖြင့်မိမိ၏နှလုံးအားစစ်ဆေးပါတော့သည်။သွေးပေါင်ချိန်ဖြင့်ချိန်ပါတော့သည်။ဘာမှမဖြစ်။ဘာမှမတွေ့။မိမိတွင်ဗုဒ္ဓရှိနေသည်။ဘုန်းဘုန်းရှိနေသည်။မည်သို့ဖြစ်စေမော်တော်ကား ဆိုင်ကယ်၊စက်ဘီး၊လမ်းလျှောက်သည့်

နေ့စဉ်လုပ်ရပ်များတွင် မိမိသည် ဘယ်လောက်မှန်မှန်၊ဘယ်လောက်ဖြေးဖြေး၊ ဘယ်လောက် သတိထားထားတစ်ဖက်မှလအန္တရာယ်သည်အချိန်မရွေးထိပ်တိုက်ရင်ဆိုင်နိုင်သည်ကိုတော့သိထားသင့်တော့သည်။ဆိုပြီးပြောလာပါတယ်။

ကျော်သူကတော့ ကားငါးစီးကြီးတောင် ဆင့်တိုက်တဲ့ အန္တရာယ်နဲ့ကြုံဆုံခဲ့ရပေမယ့်ဘာမှမဖြစ်ပဲ ပွန်းရာပဲ့ရာလေးတောင်မရှိတာသူပြုသမျှ ကုသိုလ်အကျိုးဆက်တွေကြောင့်ဆိုတာ ယုံမှားဖွယ်မရှိပါဘူး။စိတ်ထားကောင်းတဲ့ဦးကျော်သူတစ်ယောက် အသက်ရှည်ကျန်းမာပြီးအများအကျိုးကိုဆက်လက်သယ်ပိုးဆောင်ရွက်နိုင်ပါစေနော်။