မြန်မာ့လူဦးရေ ၂၀ ရာခိုင်နှုန်း ကာကွယ်ဆေး ရရှိဖို့ ဗြိတိန်က ကူညီလှူဒါန်းပေးမည်





zawgyi

မြန်မာနိုင်ငံ၏ လူဦးရေ ၂၀ ရာခိုင်နှုန်းအတွက် ကိုဗစ်ကာကွယ်ဆေးရရှိရန် ဗြိတိန်က ကူညီမည် ဖြစ်ကြောင်း ဇန်နဝါရီလ ၁၃ ရက်တွင် မြန်မာနိုင်ငံဆိုင်ရာ ဗြိတိန်သံရုံးက သတင်းထုတ်ပြန်ပါတယ်။

ယူကေနိုင်ငံအပါအဝင် နိုင်ငံတကာအလှူရှင်များမှ ရန်ပုံငွေ ဒေါ်လာ ၁ ဘီလီယံ မတည်ကူညီကာ မြန်မာနိုင်ငံအပါ အဝင် ကိုဗစ်ကာကွယ်ဆေး လိုအပ်နေသည့် နိုင်ငံများကို ကာကွယ်ဆေးရရှိရန် ကူညီမယ်လို့ သိရပါတယ်။

မြန်မာနိုင်ငံဆိုင်ရာ ဗြိတိန်သံရုံးက မြန်မာနိုင်ငံအပါအဝင် အကူအညီ လိုအပ်နေသောနိုင်ငံများ ကိုဗစ်ကာကွယ်ဆေး ရရှိနိုင်ရေးအတွက် ယူကေနိုင်ငံက ၎င်းအပါအဝင် နိုင်ငံ တကာအလှူရှင်များထံမှ ရန်ပုံငွေ ဒေါ်လာ ၁ ဘီလီယံကို မတည် ကူညီပေးလျက်ရှိပါတယ်။

မြန်မာနိုင်ငံရှိ လူဦးရေအနက် အကူအညီ အလိုအပ်ဆုံးဖြစ်သည့် ၂၀ ရာခိုင်နှုန်းသော သူတို့အတွက် ကာကွယ် ဆေးများရရှိနိုင်ရန် ကူညီပေးမှာဖြစ်ပါတယ်။ မြန်မာပြည်သူအားလုံး ကာကွယ်ဆေးရရှိရေးအတွက် ယူကေက ဆက်လက် ပံ့ပိုးကူညီသွားမှာဖြစ်ပါတယ်။ လို့ သတင်းထုတ်ပြန်ခဲ့ပါတယ်။