ကိုယ့်ထက်နိမ့်ပါးသူတွေကိုစာနာတတ်‌အောင်သားလေးကိုအလုပ်ရုံက…









zawgyi

တေးသံရှင်မနောကတော့ လူကြိုက်များအောင်မြင်နေတဲ့အဆိုတော်တစ်ယောက်ဖြစ်ပြီး ဇနီး၊ သား သမီးတွေနဲ့အတူ မိသားစုဘဝကိုအေးအေးချမ်းချမ်းဖြတ်သန်းနေတာဖြစ်ပါတယ်။

မနောက အိမ်ထောင်ဦးစီးကောင်း တစ်ယောက်ပီစွာနဲ့ ကလေးတွေ အပေါ်မှာ သေချာဆုံးမ သွန်သင် ပေးပြီး လိုအပ်သမျှကို ဖြည့်ဆည်းပေးတာ ဖြစ်ပါတယ်။မနောရဲ့သားချောလေးဘိုဘိုကတော့ အဖေ့ရဲ့သွေး အပြည့်ပါလို့ အနုပညာလည်း ဝါသနာပါပြီး လိမ္မာရေးခြားရှိတဲ့အပြင် အခုအရွယ်လေးနဲ့တင် အရာအားလုံးကိုတတ်သိနားလည်နေပြီဖြစ်ပါတယ်နော်။

မနောကတော့ဘိုဘို အကြောင်းကိုနည်းနည်းပြောချင်တယ် သူကသည်းခံတာများတယ် အ ယု တ် ၊အလတ်၊အမြတ်မရွေး ချစ်ခင်တတ်တယ် ကလေးငယ်တြွေမင်ရင်ပြေးချီတာသူ့ပင်ကိုယ်စိတ် သူ့ရဲ့အပြောအဆိုအတွေးအခေါ်တွေက ကျွန်‌တော့်ထက်သာလွန်တာတွေတွေ့ရှိလာတယ်စာဖတ် အားကောင်းတာတော့လွန်နေရောပဲသမိုင်းအကြောင်းလား၊သိပ္ပံလား၊အာကာသအကြောင်း၊ နည်းပညာအပိုင်းတော် တော်ကိုသိနေတယ် အဓိကပြောချင်တာက ကျွန်တော်တို့ ကြီးပြင်းလာတဲ့ အခြေအနေနဲ့ သူတို့ကြီးပြင်းလာတဲ့အခြေ အနေတွေကမိုးနဲ့မြေလိုကွာခြားနေတယ်။

ဒါကြောင့် မိဘ ဆိုပြီး မိမိပြောတာပဲနာခံ လျှာမရှည်နဲ့ဆိုပြီးအုပ်ချုပ်မှုမျိုးမလုပ်ဘူး သူ့ကိုတံခါး ဖွင့် ဝါဒ နဲ့ ထိန်း ကျောင်းတယ်ပေါ့ သူ့ဆီက ကျွန်တော်သင်ယူရရှိထားတဲ့အရာလေးတွေ ရှိတယ်ဗျာ့ စကား ကြမ်း ကြမ်းပြောရင် သူတို့မခံစားနိုင်ဘူး ဆဲတာတွေသူ မကြိုက်ဘူး ဒါကအမှန်ပဲ အလုပ်ရုံတွေသူ့ ကို သွားစေပြီး တပည့်ကျော်တွေနှင့်အတူနေကာပညာသင်ခိုင်းတယ် သူတို့နေထိုင် စား သောက်မှု တွေ အတိုင်းနေပြီးလေ့လာခိုင်းခဲ့တယ်။

ဒါမှသာ သားသားက သာမန်ဘဝ မိမိထက်ငွေအားနည်းသူဘဝတွေကို စာနာနိုင်မယ် သူတို့အခ က် အခဲကိုသိထားပြီး ကိုယ်ချင်းစာတတ်မယ် နောင်တစ်ချိန် ဒီအလုပ်ရုံကို ဦးစီးနိုင်မယ်ပေါ့ ပြန် ရော က်ရင် အလုပ်ရုံအရောင်းဆိုင်မှာရှိတဲ့ လိုအပ်မှုတွေ ၊ဟာကွက်တွေ သူကကျွန်‌တော့်ကိုပြ န် ပြောပြတယ် ဖေဖေတဲ့ သူတို့ကျန်းမာရေးအသိနည်းတယ်တဲ့ စတီးလ်ပြားထိရှသွားတာကို ဆေးမ ထည့်ဘဲဒီတိုင်းပဲနေပြီး သွေးထွက်တာကို ညစ်ပေနေတဲ့လက်နဲ့ဖိပြီးအလုပ်ဆက်လုပ်တယ်တဲ့

ဒါနဲ့သားသားကမနေနိုင်လို့ ရုံးခန်းကစာရေးမဆီကဆေးယူပြီး ဆေးထည့်ပေးတယ် အနာကပ်ပလာစတာကပ်ပေးပြီး ကိုကြီးကိုပြောပြခဲ့တယ်မေးခိုင်ပိုးဝင်တတ်တယ်အန္တရာယ် ရှိတယ်လို့ပြော ပြခဲ့တယ်တဲ့ နောက်တစ်ရုံက ရေသန့်ဗူးတွေ မသန့်ရှင်းဘူးတဲ့ပြီးတော့အဲဒီအလုပ်ရုံကလူအင် အား နည်းနေတော့ အလုပ်မတွင်ကျယ်ဘူးတဲ့ ဈေးဝယ်လာရင်လည်းယုံကြည်မှုမရနိုင်ဘူးတဲ့ လူ ထပ်ဖြည့်သင့်တယ်တဲ့ သူပြောလိုက်တော့ကျွန်တော် အံ့အားသင့်ခဲ့ရတယ်

အိမ်မှာ ကလေးဆိုးကြီးက အလုပ်ထဲမှာလိုအပ်ချက်တွေကိုသိပြီး လူကြီးသဖွယ်ပြောပြလာတော့ ကျွန်တော်တို့ မိဘတွေသိထားတဲ့ ကလေးပဲ ဘာမှမသိသေးဘူး ဆိုတဲ့အတွေးတွေက မြော င်းထဲ ပ စ်ထည့်လိုက်ရတယ်ပေါ့ ခုဆို ကျွန်တော်သူ့ကိုလူကြီးအရာသွင်းပြီးတိုင်ပင်တာတွေလု ပ် တ ယ် ကျွန်‌တော့် မိတ်ဆွေတွေနဲ့ မိတ်ဆက်ပေးပြီးရင်းနှီးစေအောင်အမြဲခေါ်သွားပေးတယ်

အား ကစား တွေသူကျွမ်းကျင်အောင်အတူလိုက်ကစားပေးတယ် ဘာသာ သာသနာကို ထိန်း သိ မ်း တ တ် အော င်ကိုရင်ဝတ်ပေးပြီး ကျွန်‌တော်က ရဟန်းဝတ်ခဲ့တယ်အစားအသောက်အနေ အ ထိုင်ဝိတ်မတက်အောင်ကအစ ပြုပြင်ပေးနေပါတယ်မိတ်ဆွေများခင်ဗျာ သားသမီးဆိုတာ ရှေး ဘဝ က ရေစက်ရှိလို့ မိသားစုဝင်တြွေဖစ်နေခဲ့ကြပြီအေးအတူပူအမျှ မိမိအတ္တကိုပယ်ပြီး မေတ္တာ တ ရား နှင့် နွေးထွေးစွာ နေထိုင်သွားသင့်တယ်လို့ကျွန်‌တော်ခံယူထားပါတယ်ခင်ဗျာဆိုပြီး သားသား ရဲ့ အကြောင်းကို ရေးသားမျှဝေထားတာဖြစ်ပါတယ်။