အလှမယ်ဆုပြန်သိမ်းခံရတဲ့အကြောင်းနဲ့ပတ်သတ်ပြီး ပရိတ်သတ်တွေကို ပြန်လည်ဖြေရှင်းလာတဲ့ ငြိမ်းမြတ်သူ






zawgyi

ငြိမ်းမြတ်ဖြေရှင်းချင်တာလေးတစ်ခုရှိလို့ပါ အခု ပြီးခဲ့တဲ့ New Face Model International 2021 City Final Live Show ပွဲမှာ ငြိမ်းမြတ်ကိုဟားခါးကိုယ်စားပြုအလှမယ်ပေးအပ်တဲ့အ ကြောင်းပါ။

ငြိမ်းမြတ်က ငယ်ငယ်ထဲက Modelတစ်ယောက်ဖြစ်ချင်တဲ့အိမ်မက်ရှိခဲ့တာပါ။ အခုပွဲကိုလဲသမီး ဘဝရဲ့မှတ်တိုင် အနေနဲ့ဆုလေးတစ်ခုရအောင် အစွမ်းကုန်ကြိုးစားပြီး ယှဉ်ပြိုင်ခဲ့တာပါ။

ငြိမ်းမြတ် ကို ဟားခါးဆုပေးခဲ့တာ မှားယွင်းကြေ ငြာခဲ့တယ်ဆိုပီး စင်ပေါ်မှာပြောပါတယ်။အောက်ရောက်ရင်ပြန်လဲပေးပြီး နောက့်နေ့ organization ကနေ စာထုတ်ကြေငြာပေးပြီး ငြိမ်းမြတ်နစ်နာမူအတွက် တောင်းပန်ပေးမယ်လို့ပြောခဲ့တာပါ။

တကယ်တမ်းငြိမ်းမြတ်ရတာ Special Award ပါရှင့်။ငြိမ်းမြတ်လဲဘာမှမလုပ်ရပါပဲ ငြိမ်းမြတ် ကိုအားလုံးကဝိုင်းအပြစ်တင်နေတော့ ငြိမ်းမြတ်တကယ်စိတ်မကောင်းဖြစ်ရပါတယ် ။ပွဲစီစဉ် သူတွေကိုလဲအမှားမမြင်စေချင်ပါဘူးရှင့်။

ပွဲစီစဉ်သူတွေမှာလဲ အဖက်ဖက်က ဖိအားတွေနဲ့ အတူ စီစဉ်ရတာမို့လို့ လွဲချော်သွားတာကို ငြိမ်း မြတ် နားလည်ပါတယ်ဒါက အားလုံးရဲ့ရင်ထဲမှာအထင်လွဲမှားပြီးဆရာစိုင်းကိုကို ကိုအကုန် လုံးက ဝိုင်းအပြစ်တင်ပီးဆဲဆိုနေကြတာကိုလဲသမီးစိတ်မကောင်းပါဘူး သမီးတစ်ယောက်အတွက် နဲ့အများဆဲတာခံနေရတာပါ ဘယ်သူမဆို ဆဲခံရတာကို ဝမ်းသာပီတိဖြစ်ပီး ဒီလိုဘယ်လုပ် ချင် ပါ့မလဲအားလုံးကိုတောင်းပန်ပါတယ်ရှင့်။