အရမ်းတော်တာဘဲ နာဆာက မြန်မာအမျိုးသမီး တီထွင်ထားတဲ့ ဟယ်လီကော်ပတာအင်္ဂါဂြိုလ်ပေါ် အောင်မြင်စွာ ဆင်းသက်နိုင်ပြီ

NASA အင်ဂျင်နီယာ မြန်မာအမျိုးသမီး ဒေါ်မီမီအောင် ဦးဆောင်တီထွင်ခဲ့သော Ingenuity စူးစမ်းရေး ဟယ်လီကော်ပတာပါ Perseverance စက်ရုပ်ယာဉ်သည် အမေရိကန်စံတော်ချိန်ညနေ3 နာရီ 55 မိနစ်တွင် အင်္ဂါဂြိုလ် ပေါ်ကို အောင်မြင်စွာ ဆင်းသက်နိုင်ခဲ့ပြီဖြစ်ပါတယ်။

အမေရိကန် အာကာသ စူးစမ်းရေးအဖွဲ့ NASA အတွက် ကမ္ဘာမှ မိုင်သန်းပေါင်း ၁၂၆ သန်း ကွာဝေးသော အင်္ဂါဂြိုဟ်ပေါ်သို့ ဟယ်လီကော်ပတာပါစက်ရုပ်ယာဉ်ခြေချနိုင်ခြင်းမှာနောက်ထပ်အောင်မြင်မှုအသစ် တစ်ခုဖြစ်ပါတယ်။

Ingenuity စူးစမ်းရေး ဟယ်လီ ကော်ပတာပါ Perseverance စက်ရုပ်ယာဉ်သည်အင်္ဂါဂြိုဟ်ရှိ သက်ရှိ သတ္တဝါများအား ရှာဖွေစူးစမ်းမည့် တာဝန်ဖြင့် သွား ရောက်ခြင်းဖြစ်ကာ ကင်မရာများ လေဆာများ စုံလင်စွာပါဝင်သည်။ အင်္ဂါဂြိုဟ်တွင်ရှိသောကျောက်များ အကြွင်း အကျန်များကို ကမ္ဘာဂြိုဟ်ပေါ်သို့ ပြန်လည် သယ်ယူလာမည်ဖြစ်ပြီး စူးစမ်းလေ့လာစမ်းသပ်မှုများ အောင်မြင်ပါက နောင်အနာဂတ်တွင် ပို၍ကြီးမားသော စက်ရုပ်ယာဉ်များကို အင်္ဂါဂြိုဟ်သို့ ပို့လွှတ်နိုင်မည်ဖြစ်သည်။

NASA အင်ဂျင်နီယာ မြန်မာအမျိုးသမီး ဒေါ်မီမီအောင် သည်မိမိတို့အသင်းတီထွင်ထားသော Ingenuity စူးစမ်း ရေး ဟယ်လီကော်ပတာသည် အင်္ဂါဂြိုဟ်တွင် စစ်ဆေးစမ်းသပ်လေ့လာနိုင်ဖို့ အခွင့်အရေးရပါပြီဟု ဆိုပါတယ်။

1968 ခုနှစ်တွင် မွေးဖွားခဲ့သော ဒေါ်မီမီအောင်သည် University of Illinois တွင် Electrical Engineering ဘာသာရပ်ကို သင်ယူခဲ့ပြီး NASA’s Jet Propulsion Laboratory (JPL) တွင် 1990 မှစ၍ အာကာသစူးစမ်းရေး အလုပ်လုပ်ကိုင်ခဲ့ခြင်းဖြစ် သည်။ယခုတွင် ဒေါ်မီမီအောင်သည် NASA ၏ အင်ဂျင် နီယာအကြီးအကဲများအနက် တစ်ဦးဖြစ်ပြီး Ingenuity စူးစမ်းရေးဟယ်လီကော်ပတာကို ဦးဆောင်တီထွင်ခဲ့သည်။

zawgyi




