လူထုလှုပ်ရှားမှုမှာ ပိုမိုပါဝင်ပေးခဲ့ကြတဲ့ ပြည်သူ့ဝန်ထမ်းတွေအတွက် တက်နိုင်တဲ့ ဘက်ကနေ ကျေးဇူး ဆပ်သွားမယ့် သူမရဲ့အစီအစဉ်လေးကို ပြောပြလာတဲ့ အိန္ဒြာကျော်ဇင်

ပရိသတ်ကြီးရေ မင်းသမီး အိန္ဒြာကျော်ဇင် ကတော့ အောင်မြင်မှု တွေရရှိနေတဲ့ထိပ်တန်း အနုပညာရှင် တွေထဲမှာ တစ်ယောက်အပါဝင်ပဲ ဖြစ်ပါတယ်။ သူမဟာ အနု ပညာအလုပ်တွေကို ဆယ်စုနီးပါးမကကြိုးစားလုပ်ကိုင်လာခဲ့ပြီး ပီပီပြင်ပြင် သရုပ်ဆောင်ချက်တွေကြောင့် ပရိသတ်တွေရဲ့ ရင်ထဲမှာ ရပ်တည်နိုင်ခဲ့ တာဖြစ်ပါတယ်။ လက်ရှိအချိန်ထိလည်း အိန္ဒြာကျော်ဇင် က အနုပညာအလုပ် တွေကို ဖြည်းဖြည်းမှန်မှန်လုပ်ကိုင် နေပြီး သာယာပျော်ရွှင် မိသားစုလေးနဲ့အတူ ဘဝကိုအေးချမ်းစွာနေထိုင်နေတာဖြစ်ပါတယ်။

လတ်တလောဖြစ်ပေါ်နေတဲ့ လူထုလှုပ်ရှားမှုတွေမှာ အိန္ဒြာကျော်ဇင် တို့ မိသားစုကတော့ လူငယ်တွေအတွက် အနာဂတ် အိမ်မက်တွေ မပျောက်ဆုံးအောင် ပြည်သူ ပြည်သားတွေနဲ့ အပြည့်အဝရပ်တည်ပေးခဲ့ပါတယ်။ တာ ဝန်ကျေတဲ့ နိုင်ငံသားတစ်ယောက်အနေနဲ့ အမှန်တရားကိုရရှိစေဖို့ လမ်းမပေါ်ထွက်ပြီးတော့လည်း နေ့စဉ်အမျှ ဆိုသလို တက်တက်ကြွကြွနဲ့ ပါဝင်ခဲ့တာကို တွေ့ရပါတယ်။ ယခုမှာဆိုရင် တော့ အိန္ဒြာကျော်ဇင် က လူထုလှုပ်ရှားမှုမှာ ပိုမိုပါဝင်ပေးခဲ့ကြတဲ့ ပြည်သူ့ ဝန်ထမ်းတွေအတွက် သူမတက်နိုင်တဲ့ဘက်ကနေ ကျေးဇူးဆပ်နိုင်တဲ့ အစီအစဉ်လေးကို ပြောပြလာခဲ့ပါတယ်။

ဒီအမှောင်တွေလွန်သွားလို့ ရောင်နီသန်းတဲ့ခေတ်ကိုရောက်တဲ့အခါ ကျွန်မတို့ရဲ့THUDRA Production မှထုတ်လုပ်တဲ့ ရုပ်ရှင်ကားတွေရုံတင်ရင်CDM မှာ ပါဝင်ခဲ့တဲ့ ဝန်ထမ်း တွေနဲ့ မိသားစုဝင် 1000 ရုပ်ရှင်လက်မှတ်အစောင်ရေ 1000 ကို လက်ဆောင် ပေးပါမယ်CDM ပြည်သူ့ဝန်ထမ်းတွေရဲ့ကျေးဇူးဟာ အားလုံးအပေါ်မှာရှိတဲ့အတွက် တတ် နိုင်သလောက် အသိအမှတ်ပြု ကျေးဇူးဆပ်တဲ့သဘောပါပဲ ဆိုပြီး ရေးသားထား ပါတယ်။ ကဲ ပရိသတ်ကြီးရေ တိုင်းပြည်အတွက် တက်နိုင်တဲ့ဘက်နေ အုပ်တစ်ချပ်သဲ တစ်ပွင့် အနေဖြင့် ပါဝင်လုပ်ဆောင်ပေး နေတဲ့ မင်းသမီး အိန္ဒြာကျော်ဇင်ကို ဆုတောင်း မေတ္တာပို့သပေးလိုက်ပါဦးနော်။

zawgyi


