မန္တလေးမြို့က ကုသစရိတ် အခမဲ့ ပလက်ဖောင်း ဆေးခန်းလေး

မန္တလေးမြို့က ကုသစရိတ် အခမဲ့ ပလက်ဖောင်း ဆေးခန်းလေးမင်္ဂလာပါ ပရိတ်သတ်ကြီး တို့ရေ အခု ဖော်ပြ ပေးချင်တာလေး ကတော့

မန္တလေး မြို့ကအခမဲ့ ဆေးခန်းလေး အကြောင်းပါ။ထိုဆေးခန်းလေးဟာ မန္တလေး ဆေးတက္ကသိုလ် ရှေ့မှာ ဖွင့်လှစ်ထားတယ်လို့ သိရပါတယ်။ ဆေးခန်းလေးက

လမ်း ပလက်ဖောင်း ပေါ်မှာပဲဖွင့်လှစ် ထားပြီး အခမဲ့ ကုသပေးတဲ့ ဆးခန်းလေးလို့ သိရပါတယ်။ဆေးခန်း ဖွင့်ချိန်ကတော့ နံနက် ၉နာရီကနေ ညနေ ၅နာရီထိ လို့ သိရပါတယ်။ မူရင်းပို့စ်တင်ထား

တဲ့ သူက နေရာက အရေးမကြီးဘူး စေတနာသာအဓိက။ ပလက်ဖောင်းပေါ်ပဲ လုပ်ရလုပ်ရ လမ်းပေါ်ပဲ တက်ရတက်ရ။ကိုယ်နိုင်တဲ့ဝန်တော့ ကိုယ်ထမ်းရမှာပဲလေ။အထိုင်ဆေး ခန်း လုပ်လို့မရတော့ရင်။ ကားတစီးနဲ့

ဆေးခြင်းဆွဲပြီးပါတ်ကုပစ်မယ်။ ကိုယ်ထူကိုယ်ထ ရုန်းထရမယ့်နိုင်ငံမို့ အချင်းချင်း တွဲထူကြရမှာပါပဲ။ UMM Medical Cover လမ်း ၃၀ ၊ ၇၃ ၇၄ ကြား ဆေးတက္ကသိုလ် မန္တလေးရှေ့။

9:00 am to 5:00 pm အခမဲ့။ ဆိုပြီး ဖော်ပြလာပေး ခဲ့တာပဲ ဖြစ်ပါတယ်။တက်နိုင်တဲ့ ဘက်ကနေ နိုင်ငံတော်အရေးအတွက်ကာကွယ်ပြီး ပြည်သူတွေ ကျန်းမာရေး အတွက်လဲ ကူညီ ပေးတဲ့အတွက် ချီးကျူး ဂုဏ်ယူမိပါတယ်နော်။

zawgyi





