စိတ်ထားဖြူတဲ့ကလေးဒီကလေးမလေး(ဖရဲသီးစိတ်ရောင်းတဲ့ကလေး)ကျွန်တော်မလေးစားဘဲမနေနိုင်တော့ဘူး

ကမ္ဘာကသိသွားတဲ့ ဓနုဖြူကစေတနာရှင်မလေးစိတ်ထားဖြူတဲ့ကလေး ဒီကလေးမလေး ဖရဲသီးစိတ်ရောင်းတဲ့ကလေးကျွန်တော်မလေးစားဘဲမနေနိုင်တော့ဘူး။ကျွန်တော်တို့ကရှေ့ကကြိုပွိုင့်သွားတယ်။သူ့ရှေ့ရောက်တော့အမောပြေဝယ်စားမလို့

သမီး တစ်စိတ်ဘယ်လောက်လဲ တစ်စိတ် ၂၀၀ သုံးစိတ် ၅၀၀ ပါဦးဦးအေး အဲဒါဆို (၅၀၀ )ဖိုးထည့် ရော့ ရပြီ ဦးဦး မပေးနဲ့ စားသွားနော်ဖြစ်နိုင်ရင်အခုဆန္ဒဖော်ထုတ်တဲ့သူတွေအကုန်လုံးကို သမီးက ကျွေးချင်တာ အရင်းမရှိတော့ရင် အမေဆူမှာစိုးလို့သမီး အရင်းက ဘယ်လောက်မို့လဲ

သိဘူး အမေ ကဖရဲသီးတစ်လုံးဝယ်ပြီးစိတ်ပေးလိုက်တာခန့်မှန်းပြီးအစိရေကြည့်လိုက်တော့ ကာလ ပေါက်ဈေး ၃၅၀၀ ၄၀၀၀သမီးတစ်ဗန်းလုံးဦးဝယ်မယ် ၅၀၀၀ထားအာ့လောက်အမြတ် သမီးမယူပါဘူး အရင်းဘဲပေးအရင်းက၂၈၀၀ ထဲ သမီးအမြတ်လှူပါ့မယ်နေ့လုပ်မှတစ်နေ့စားရတဲ့ကလေးက သူ့အမြတ်ကိုလှူမှာတဲ့ဗျာ ကျွန်တော်အံ့ဩဆွံ့အသွားတယ်။

အေးသမီး အဲဒါဆို ဦးပေးမယ် သမီးလှူချင်တဲ့ဒါနမြောက်အောင် အခုဝေပေးလိုက်တော့ ဟုတ်အကိုကြီးအမကြီးတို့အမောပြေစားသွားကြနော် သမီးလှူတာပါ အားမနာပါနဲ့ စားသွားနော် သူ့အသံဆာဆာလေးဖြင့်ပြောရင်းလှူနေတာသူ့ကိုကြည့်ပြီးကိုယ့်မှာပီတိဖြစ် လေးစားရပြီလေ။

ဆန္ဒဖော်ထုတ်တဲ့ လူတန်းဆုံးသွားတော့ဦးဦး ရေကုန်သွားပြီ။အေးအေးသမီးလှူလိုက်ရတာပျော်လားပျော်တာပေါ့ ဒီထက်ပိုလှူချင်သေးတာ အေးလှူရမှာပေါ့ ရော့သမီးဖရဲသီးဖိုးသူပိုက်ဆံကို စစ်ကြည့်ပြီး။ဦးဦး ပိုက်ဆံပိုနေတယ်။

သူစိတ်ဓါတ်ပိုလေးစားပြန်ပြီ ပိုငွေကိုသူမယူ။မပိုဘူး သမီး အရင်းက၃၀၀၀ ပိုတဲ့ ၃၀၀၀ကသမီးစိတ်ဓာတ်ကိုလေးစားလို့ဆုချတာကိုယ့်အိတ်ကပ်ထဲလဲ ၁၀၀၀ တန် ၆ ရွက်ဘဲကျန်တော့လို့ဒါနဲ့ သမီးအသက်ဘယ်လောက်ရှိပြီလဲ

၁၄ နှစ်ပါဦးဦး ပိုပြီးလေးစားရပြီလေ ပညာမစုံသေးတဲ့ကလေးတစ်ယောက်ရဲ့စိတ်ဓါတ်က ပညာတက်ဘွဲ့ရပြီးလုပ်ငန်းခွင်မှာကျင်လည်ကျက်စားပြီး CDM ကိုမပါဝင်နိုင်ကြတဲ့လက်ရှိရုံးတက်နေတဲ့ဝန်ထမ်းတွေထက်သာတယ်။

ဒီနေ့ ကိုယ်တွေ့ဖြစ်ရပ်မှန်ပါ။တစ်နေ့လုပ်မှ တစ်နေ့စားမိသားစုကမွေးဖွားထားတဲ့လေးစားထိုက်တဲ့သမီးငယ်လေးကိုလေးစားဂုဏ်ယူစွာဖြင့်

zawgyi







