အထိအခိုက် အကျအဆုံး အနည်းဆုံးဖြင့် မြန်မာကို ဝင်ရောက်ဖို့ US ခွင့်တောင်း

သူတို့ဘက်က သေခြာလို့ ဒီသတင်း စကားကို ပြောလာတာပါ။မြန်မာနိုင်ငံဟာဗုဒ္ဓဘာသာနိုင်ငံဖြစ်တယ်။ ဘာသာ ရေးအဆောက်အဦးတွေ စေတီတော်တွေ အများကြီး ရှိတဲ့ နိုင်ငံလည်း ဖြစ်တယ်။

ငါတို့စိတ်ပူတာ တစ်ခုရှိတယ်။ ငါတို့က ဘာသာရေးအရ ယုံကြည်မှုမတူတဲ့အတွက် ငါတို့မဟုတ်တဲ့ဘာသာကို ဖျက် ဆီးတယ်ဆိုတဲ့ အပြစ်တင်မှုမျိုးကို စိတ်ပူမိတယ်။

ငါတို့ရထားတဲ့ ဒေတာတွေကို လေ့လာပြီးပြီ။ အာဏာ သိမ်းစစ်အုပ်စုရဲ့ အကြီးအကဲတွေဟာ ဗုဒ္ဓဘာသာဘုရားကျောင်းတွေ အောက်မှာ ရှိနေကြတယ်။ ရွှေတိဂုံအောက်ကကျင်း၊ ပုဂံမှာရှိတဲ့ဂူဘုရား နဲ့ နေပြည်တော်က ဝါဖြုတောင်တန်းထဲက လူလုပ်လှိုင်ခေါင်းတွေထဲမှာ ဆိုတာ ငါတို့သိတယ်။ ငါတို့စစ်တိုက်တဲ့အခါ မြန်မာ ပြည်သူတွေကို ဒုက္ခမဖြစ်စေချင်ဘူး။

အတတ်နိုင်ဆုံး အပျက်အစီးမများဖို့ကို အထူးလေ့ကျင့်ပေးထားတယ်။ ဒါပေမဲ့ မဖြစ်မနေ စစ်ပွဲကို အပြီးသတ်ရတဲ့အခါ ဘာသာရေးအဆောက်အဦးတွေကို ထိခိုက်နိုင်တယ်။ ဒီလို ဖြစ်လာတဲ့အခါ ငါတို့ကို အပြစ်မတင်စေချင်ဘူး။ ငါတို့ကိုယုံပါ။ ကမ္ဘာမှာ ငါတို့ကိုတားနိုင်သူမရှိဘူး။ ငါတို့နိုင်ငံ ဂုဏ်သိက္ခာငါတို့ တပ်မတော် ပြည့်စုံမှုနဲ့ ငါတို့ရဲ့စွမ်းရည်ကို ကမ္ဘာ့အရှေ့ပိုင်းမှာ ပြခွင့်ရတော့မှာမို့ငါတို့ရဲဘော်တွေ ပျော်နေကြတယ်။

သမ္မတကြီးကိုကျေးဇူးတင်သလို ဗမာနိုင်ငံကို ကူညီရလို့ ဂုဏ်ယူတယ်။ အထက်ပါစကားတွေကိုပြောခဲ့သူက အမေရိကန်ရဲ့ ကာကွယ်ရေးဝန်ကြီးချုပ် အာဖရိကနွယ်ဖွား ဖလွိုက်အော်တစင် ဖြစ်ပါတယ်။

သူပြောတဲ့အကြောင်းထဲမှာ ဒီစစ်ဆင်းရေးအတွက် ကုလရဲ့ အကူအညီတောင်းမှုနဲ့ မြန်မာပြည်သူတွေရဲ့ တောင်းဆိုမှု၊ Us လွတ်တော်၂ရပ်လုံးတင်သွင်းတဲ့ အဆိုပြုလွှာနဲ့ ဘိုင်ဒန်ရဲ့ဆုံးဖြတ်ချက်တွေကြောင့် ကူညီခွင့်ရတော့မှာ ဖြစ်ပေမဲ့

ဗုဒ္ဓဘာသာနိုင်ငံ၊ ဘာသာရေးကိုင်းရှိုင်းတဲ့နိုင်ငံ စေတီပုထိုးပေါတဲ့နိုင်ငံမို့ ဘာသာရေးအရ အဆောက်အဦးတွေကို ထိခိုက်မှုရှိလာရင် သူတို့ကို မြန်မာတင်မက ကမ္ဘာ့နိုင်ငံတွေကပါ အပြစ်တင်မှာကို စိုးရိမ်းနေတယ်။ 2011ခုနှစ်မှာ သူက မြန်မာနိုင်ငံကို မိသားစုနှင့်အတူအလည်ရောက် ဘူးခဲ့တဲ့သူပါတဲ့ ။ဒီသတင်းကို နားထောင်အပြီး သတိ ထားမိတာက

သူတို့ဘက်က သေခြာပြင်ဆင်လာတယ် ဆိုတာ သိလိုက်ရသလို သေခြာနေပြီဆိုတာလဲ သိလိုက်ရတယ်။ ဒါကြောင့်ပုဂံကို ညပိုင်းမှာ ဟတ်စကီးတစ်စင်းက ခဏခဏသွားလိုက် လာလိုက် လုပ်နေတာဂိုး။ ထီလို မင်းလို ဘုရားအောက်မှာ လှိုင်ခေါင်းရှိတယ်လို့တော့ မကြားဘူးပါဘူး။

zawgyi







